ဝက္သားျဖင့္ ရွင္ျပဳအလွဴလုပ္တဲ့ အလွဴရွင္ (၁၆) ဦး တရားစြဲခံရ

ဝက္သားျဖင့္ သားသမီးေတြ ရွင္ျပဳအလွဴလုပ္တဲ့ အလွဴရွင္ (၁၆)ဦး တရားစြဲခံရ

RND၊ ဇြန္ ၁၃

စစ္ကိုင္းတိုင္းေဒသႀကီး၊ ကေလးခရိုင္၊ ကေလးၿမိဳ႕နယ္၊ ဒိုးႏြယ္စံျပေက်းရြာ၌ ဝက္သားျဖင့္ ရွင္ျပဳအလွဴလုပ္တဲ့ အလွဴရွင္ ၁၆ဦး တရားစြဲခံရေၾကာင္း တရားစြဲဆိုခံရသူ ဦးသားငယ္မွ RND ေအဂ်င္စီသို႔ ေျပာတယ္။

လြန္ခဲ့ေသာ ၃လခန္႔က ရွင္ျပဳအလွဴလုပ္တဲ့ အလွဴရွင္ (၁၉)ဦးကို ကေလးၿမိဳ႕နယ္ စည္ပင္မွ တရားစြဲမယ္ လုပ္တယ္။ (၁၉)ဦးထဲက (၃)ဦးကို ပယ္လိုက္ၿပီး၊ က်ေနာ့္အပါအဝင္ (၁၆)ဦးကို တရားစြဲတယ္။

ဘာေၾကာင္း တရားစြဲခံရတယ္ ဆိုတာေတာ့ က်ေနာ့္တို႔က ေတာသူေတာင္သားမို႔ ဥပေဒ အေၾကာင္း သိေတာ့ မသိဘူး။ ၾကားသိသေလာက္ေတာ့ ဝက္လိုင္စင္ရထားတဲ့သူက စည္ပင္ကို တိုင္ၿပီး တရားစြဲခိုင္းလို႔ ေနမွာေပါ့၊ ကေလးတရားရုံးမွာ (၅)လပိုင္း ၂၀ရက္ေန႔၊ (၆)လပိုင္း ၇ရက္ေန႔ ရုံးခ်ိန္ (၂)ခ်ိန္း သြားရၿပီးၿပီ၊ ေနာက္ထပ္လဲ အေယာက္ (၂၀)ဦး၊ ထပ္စြဲမယ္ ၾကားတယ္၊ က်ေနာ့္တို႔အေပၚ မူတယ္ၿပီး စြဲမယ္ထင္တယ္၊ က်ေနာ္တို႔ကို တရားစြဲ၍ ေအာင္ျမင္သြားရင္ စြဲမယ္လို႔လဲ ၾကားတယ္ဟု ၎မွ RND ေအဂ်င္စီသို႔ ေျပာတယ္။

စည္ပင္က အလွဴရွင္ေတြ အကုန္တရားစြဲမည္ ဆိုရင္ေတာ့ စုစုေပါင္း လူ(၅၀)ဦးခန္႔ ျဖစ္မယ္ထင္တယ္ဗ်၊ က်ေနာ့္တို႔လဲ ဒီအေၾကာင္းအရာနဲ႔ ပတ္သတ္ၿပီး ဆႏၵထုတ္ေဖာ္သြားဖို႔ အစီအစဥ္ ရွိတယ္ဟု RND ေအဂ်င္စီသို႔ ေျပာတယ္။

ယင္းအေၾကာင္းအရာႏွင့္ပတ္သတ္၍ ေမးျမန္းရန္ ကေလးၿမိဳ႕နယ္ စည္ပင္သို႔ ဆက္သြယ္ေသာ္လည္း ဆက္သြယ္၍ မရရွိခဲ့ပါ။

သာခိုင္(မုနိၿမီ)

========

Unicode

ဝက်သားဖြင့် သားသမီးတွေ ရှင်ပြုအလှူလုပ်တဲ့ အလှူရှင် (၁၆)ဦး တရားစွဲခံရ

RND၊ ဇွန် ၁၃

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်၊ ဒိုးနွယ်စံပြကျေးရွာ၌ ဝက်သားဖြင့် ရှင်ပြုအလှူလုပ်တဲ့ အလှူရှင် ၁၆ဦး တရားစွဲခံရကြောင်း တရားစွဲဆိုခံရသူ ဦးသားငယ်မှ RND အေဂျင်စီသို့ ပြောတယ်။

လွန်ခဲ့သော ၃လခန့်က ရှင်ပြုအလှူလုပ်တဲ့ အလှူရှင် (၁၉)ဦးကို ကလေးမြို့နယ် စည်ပင်မှ တရားစွဲမယ် လုပ်တယ်။ (၁၉)ဦးထဲက (၃)ဦးကို ပယ်လိုက်ပြီး၊ ကျနော့်အပါအဝင် (၁၆)ဦးကို တရားစွဲတယ်။

ဘာကြောင်း တရားစွဲခံရတယ် ဆိုတာတော့ ကျနော့်တို့က တောသူတောင်သားမို့ ဥပဒေ အကြောင်း သိတော့ မသိဘူး။ ကြားသိသလောက်တော့ ဝက်လိုင်စင်ရထားတဲ့သူက စည်ပင်ကို တိုင်ပြီး တရားစွဲခိုင်းလို့ နေမှာပေါ့၊ ကလေးတရားရုံးမှာ (၅)လပိုင်း ၂၀ရက်နေ့၊ (၆)လပိုင်း ၇ရက်နေ့ ရုံးချိန် (၂)ချိန်း သွားရပြီးပြီ၊ နောက်ထပ်လဲ အယောက် (၂၀)ဦး၊ ထပ်စွဲမယ် ကြားတယ်၊ ကျနော့်တို့အပေါ် မူတယ်ပြီး စွဲမယ်ထင်တယ်၊ ကျနော်တို့ကို တရားစွဲ၍ အောင်မြင်သွားရင် စွဲမယ်လို့လဲ ကြားတယ်ဟု ၎င်းမှ RND အေဂျင်စီသို့ ပြောတယ်။

စည်ပင်က အလှူရှင်တွေ အကုန်တရားစွဲမည် ဆိုရင်တော့ စုစုပေါင်း လူ(၅၀)ဦးခန့် ဖြစ်မယ်ထင်တယ်ဗျ၊ ကျနော့်တို့လဲ ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး ဆန္ဒထုတ်ဖော်သွားဖို့ အစီအစဉ် ရှိတယ်ဟု RND အေဂျင်စီသို့ ပြောတယ်။

ယင်းအကြောင်းအရာနှင့်ပတ်သတ်၍ မေးမြန်းရန် ကလေးမြို့နယ် စည်ပင်သို့ ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရရှိခဲ့ပါ။

သာခိုင်(မုနိမြီ)

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.