ခ်စ္သူနဲ႔ေတြ႕တာ ၆ လပဲ ရွိေသးလို႔ ေလ့လာေနဆဲပဲဆိုတဲ့ သင္ဇာဝင့္ေက်ာ္

ႏိုင္ငံျခားသားတေယာက္နဲ႔ ခ်စ္သူေတြ ျဖစ္ေနၾကတဲ့ သင္ဇာဝင့္ေက်ာ္ကေတာ့ ခ်စ္သူနဲ႔ ေတြ႕ဆုံတာ ၆ လသာ ရွိေသးတာေၾကာင့္ တေယာက္အေၾကာင္း တေယာက္သိေအာင္ ေလ့လာေနဆဲလို႔ ေျပာပါတယ္။

“ခ်စ္သူက စိတ္ကူးထဲက အိမ္ေထာင္ဖက္နဲ႔ ကိုက္ညီမႈရွိလားဆိုေတာ့ ဒီလိုပါပဲ။ အခုသူနဲ႔ ေတြ႕တာ ၆ လေလာက္ပဲ ရွိဦးမယ္ဆိုေတာ့ ၆ လေလာက္နဲ႔ လူတေယာက္ကို ခန႔္မွန္းလို႔ မရေသးဘူး။ ၿပီးေတာ့ သင္ဇာတို႔က Distance Relationship ဆိုေတာ့ ေန႔တိုင္း ေတြ႕ေနရတာလည္း မဟုတ္ဘူးဆိုေတာ့ အခုခ်ိန္ထိ သူ႔အေၾကာင္းအားလုံးကို ေလ့လာလို႔ မရေသးဘူး”

“ဒီထက္ အခ်ိန္ေတြၾကာၾကာေပးၿပီး ေန႔ရက္ေတြ ကုန္ဆုံးႏိုင္မွ သူ႔အေၾကာင္းကိုလည္း ကိုယ္ပိုသိမယ္။ ကိုယ့္အေၾကာင္းကိုလည္း သူပိုသိမယ္။ အခုကေတာ့ ေလ့လာေနဆဲ အခ်ိန္ကာလေပါ့”လို႔ သင္ဇာဝင့္ေက်ာ္က ေျပာပါတယ္။

သင္ဇာဝင့္ေက်ာ္ကေတာ့ သူ ေ႐ြးခ်ယ္ခ်င္တဲ့ အိမ္ေထာင္ဖက္နဲ႔ ကိုက္ညီမယ္ဆိုရင္ေတာ့ လူျဖဴျဖစ္ျဖစ္၊ လူမည္းျဖစ္ျဖစ္ ေ႐ြးခ်ယ္သြားမွာျဖစ္ၿပီး အိမ္က မိဘေတြကလည္း အဆင္ေျပတဲ့သူျဖစ္ပါက လက္မခံႏိုင္စရာ အေၾကာင္းမရွိဘူးလို႔ ေျပာပါတယ္။

“အေရွ႕မွာထားခဲ့တဲ့ ခ်စ္သူ ရွိတယ္ေလ။ ဗုဒၶဘာသာ၊ ဗမာလူမ်ိဳး။ ဒါေပမဲ့လည္း တကယ္တမ္း ေရရွည္ တြဲၾကည့္တဲ့အခါ ကိုယ္နဲ႔ အဆင္မေျပတာေတြ ေသးေသးဖြဲဖြဲေလးေတြကစၿပီး ႀကီးႀကီးမားမားေတြ ျဖစ္လာတာေပါ့။ ျဖစ္လာတဲ့အခါက်ေတာ့ တကယ္တမ္း စဥ္းစားၾကည့္လိုက္ေတာ့ ဗမာလူမ်ိဳး ျဖစ္ေနမွရယ္ မဟုတ္ဘူး။ ႏိုင္ငံျခားသားျဖစ္ေနလည္း အဆင္ေျပရင္ေတာ့ အိမ္ကလူေတြက လက္မခံႏိုင္စရာ အေၾကာင္း မရွိပါဘူး”

“သင္ဇာ ယူဖို႔အခ်ိန္ကာလ က်လာၿပီဆိုရင္ မိဘေတြက ဘယ္သူပဲျဖစ္ျဖစ္ သင္ဇာ့အေပၚ တကယ္ေကာင္းတယ္၊ တကယ္ခ်စ္ၿပီး သစၥာရွိႏိုင္တဲ့သူဆိုရင္ သူတို႔ကလည္း လက္ခံမွာပါ”လို႔ သင္ဇာဝင့္ေက်ာ္က ေျပာပါတယ္။

သင္ဇာဝင့္ေက်ာ္ကေတာ့ ႏိုင္ငံျခားသား ခ်စ္သူနဲ႔ ပတ္သက္ၿပီး မၾကာေသးခင္ အခ်ိန္က ပရိသတ္မ်ားကို တရားဝင္ အသိေပးခဲ့ၿပီး အဲဒီလို အသိေပးၿပီးတဲ့ေနာက္မွာေတာ့ ေဝဖန္မႈမ်ားစြာ ျဖစ္ေပၚခဲ့တဲ့အေပၚ သူ႔ရဲ႕ ခံစားခ်က္ကိုလည္း အခုလို ေျပာျပခဲ့ပါတယ္။

“တခါတေလက်ရင္ေတာ့ လူပဲ။ စိတ္ေတာ့ ညစ္တတ္တာေပါ့။ စိတ္ေတာ့ ပ်က္တတ္တာေပါ့။ စိတ္မေကာင္းလည္း ျဖစ္တတ္တာေပါ့။ ဒါေပမဲ့လည္း ျပန္စဥ္းစားၾကည့္လိုက္တဲ့အခါမွာ သူတို႔ရဲ႕ေျပာဆိုမႈဟာ သူတို႔ေျပာတဲ့အတိုင္း တကယ္ျဖစ္သြားတာ မဟုတ္သလို သင္ဇာ့ရဲ႕ လတ္တေလာ ေအာင္ျမင္မႈကို ထိခိုက္သြားတာလည္း မရွိပါဘူး။ သူတို႔ဝိုင္းေျပာတဲ့အခါမွာ လူအမ်ားက ဘာလို႔ ဝိုင္းေျပာေနၾကတာလဲဆိုတဲ့ Attention ပို ရလာတယ္။ သူတို႔ရဲ႕ဘယ္လို ေဝဖန္မႈပဲျဖစ္ျဖစ္ တေစ့တေစာင္းၾကည့္ေနလို႔ ေဝဖန္ႏိုင္တာဆိုေတာ့ ေစာင့္ၾကည့္ေပးတဲ့အတြက္ ေက်းဇူးတင္ပါတယ္”လို႔ သင္ဇာဝင့္ေက်ာ္က ေျပာပါတယ္။

သင္ဇာဝင့္ေက်ာ္က အခုေနာက္ပိုင္း သ႐ုပ္ေဆာင္တေယာက္ အေနနဲ႔တင္မက Sexy ေမာ္ဒယ္တေယာက္ အေနနဲ႔ပါ ဓာတ္ပုံ ႐ိုက္ကူးမႈမ်ားလုပ္သလို ပြဲအခမ္းအနားမ်ား တက္ေရာက္လ်က္ရွိၿပီး သူလုပ္ခဲ့တဲ့ အလုပ္အေပၚ ဘယ္လိုတုန႔္ျပန္မလဲဆိုတာ သိၿပီးသားျဖစ္တယ္လို႔ ဆိုပါတယ္။

“အလုပ္တခု လုပ္လိုက္ရင္ ကိုယ္ဒီလိုမ်ိဳး လုပ္လိုက္လို႔ သူတို႔ဘက္က ဘယ္လိုတုန႔္ျပန္မလဲ ဆိုတာကို သိထားၿပီးသားပါ။ အဲ့တုန႔္ျပန္မႈ ဒဏ္ေတြကို ခံႏိုင္လို႔ ဒီလိုမ်ိဳးလမ္းကို ေ႐ြးၿပီး လုပ္ခဲ့တာေပါ့။ အဲ့လိုလုပ္ခဲ့လို႔လည္း အခုခ်ိန္ထိ ပြဲတက္ေတြ လာငွါးၾကတယ္။ ပြဲေတြ အခုထိ တက္ေနရတယ္။ ကိုယ့္အတြက္ စီးပြားေရးအေနနဲ႔ လမ္းေၾကာင္းတခုလို႔ ေျပာလို႔ရတာေပါ့။ ဒါေၾကာင့္မို႔လို႔ ခိုင္မာတဲ့ ဆုံးျဖတ္ခ်က္ခ်မိလို႔ ေနာင္တလည္း မရပါဘူး။ အားလုံးရဲ႕ ေကာင္းတဲ့ ေဝဖန္မႈပဲျဖစ္ျဖစ္၊ ဆိုးတဲ့ေဝဖန္မႈပဲျဖစ္ျဖစ္ သင္ဇာ လက္ခံႏိုင္တယ္”လို႔ သင္ဇာဝင့္ေက်ာ္က ေျပာပါတယ္။ Ref – Irrawaddy

========

Unicode

နိုင်ငံခြားသားတယောက်နဲ့ ချစ်သူတွေ ဖြစ်နေကြတဲ့ သင်ဇာဝင့်ကျော်ကတော့ ချစ်သူနဲ့ တွေ့ဆုံတာ ၆ လသာ ရှိသေးတာကြောင့် တယောက်အကြောင်း တယောက်သိအောင် လေ့လာနေဆဲလို့ ပြောပါတယ်။

“ချစ်သူက စိတ်ကူးထဲက အိမ်ထောင်ဖက်နဲ့ ကိုက်ညီမှုရှိလားဆိုတော့ ဒီလိုပါပဲ။ အခုသူနဲ့ တွေ့တာ ၆ လလောက်ပဲ ရှိဦးမယ်ဆိုတော့ ၆ လလောက်နဲ့ လူတယောက်ကို ခန့်မှန်းလို့ မရသေးဘူး။ ပြီးတော့ သင်ဇာတို့က Distance Relationship ဆိုတော့ နေ့တိုင်း တွေ့နေရတာလည်း မဟုတ်ဘူးဆိုတော့ အခုချိန်ထိ သူ့အကြောင်းအားလုံးကို လေ့လာလို့ မရသေးဘူး”

“ဒီထက် အချိန်တွေကြာကြာပေးပြီး နေ့ရက်တွေ ကုန်ဆုံးနိုင်မှ သူ့အကြောင်းကိုလည်း ကိုယ်ပိုသိမယ်။ ကိုယ့်အကြောင်းကိုလည်း သူပိုသိမယ်။ အခုကတော့ လေ့လာနေဆဲ အချိန်ကာလပေါ့”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ကတော့ သူ ရွေးချယ်ချင်တဲ့ အိမ်ထောင်ဖက်နဲ့ ကိုက်ညီမယ်ဆိုရင်တော့ လူဖြူဖြစ်ဖြစ်၊ လူမည်းဖြစ်ဖြစ် ရွေးချယ်သွားမှာဖြစ်ပြီး အိမ်က မိဘတွေကလည်း အဆင်ပြေတဲ့သူဖြစ်ပါက လက်မခံနိုင်စရာ အကြောင်းမရှိဘူးလို့ ပြောပါတယ်။

“အရှေ့မှာထားခဲ့တဲ့ ချစ်သူ ရှိတယ်လေ။ ဗုဒ္ဓဘာသာ၊ ဗမာလူမျိုး။ ဒါပေမဲ့လည်း တကယ်တမ်း ရေရှည် တွဲကြည့်တဲ့အခါ ကိုယ်နဲ့ အဆင်မပြေတာတွေ သေးသေးဖွဲဖွဲလေးတွေကစပြီး ကြီးကြီးမားမားတွေ ဖြစ်လာတာပေါ့။ ဖြစ်လာတဲ့အခါကျတော့ တကယ်တမ်း စဉ်းစားကြည့်လိုက်တော့ ဗမာလူမျိုး ဖြစ်နေမှရယ် မဟုတ်ဘူး။ နိုင်ငံခြားသားဖြစ်နေလည်း အဆင်ပြေရင်တော့ အိမ်ကလူတွေက လက်မခံနိုင်စရာ အကြောင်း မရှိပါဘူး”

“သင်ဇာ ယူဖို့အချိန်ကာလ ကျလာပြီဆိုရင် မိဘတွေက ဘယ်သူပဲဖြစ်ဖြစ် သင်ဇာ့အပေါ် တကယ်ကောင်းတယ်၊ တကယ်ချစ်ပြီး သစ္စာရှိနိုင်တဲ့သူဆိုရင် သူတို့ကလည်း လက်ခံမှာပါ”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်ကတော့ နိုင်ငံခြားသား ချစ်သူနဲ့ ပတ်သက်ပြီး မကြာသေးခင် အချိန်က ပရိသတ်များကို တရားဝင် အသိပေးခဲ့ပြီး အဲဒီလို အသိပေးပြီးတဲ့နောက်မှာတော့ ဝေဖန်မှုများစွာ ဖြစ်ပေါ်ခဲ့တဲ့အပေါ် သူ့ရဲ့ ခံစားချက်ကိုလည်း အခုလို ပြောပြခဲ့ပါတယ်။

“တခါတလေကျရင်တော့ လူပဲ။ စိတ်တော့ ညစ်တတ်တာပေါ့။ စိတ်တော့ ပျက်တတ်တာပေါ့။ စိတ်မကောင်းလည်း ဖြစ်တတ်တာပေါ့။ ဒါပေမဲ့လည်း ပြန်စဉ်းစားကြည့်လိုက်တဲ့အခါမှာ သူတို့ရဲ့ပြောဆိုမှုဟာ သူတို့ပြောတဲ့အတိုင်း တကယ်ဖြစ်သွားတာ မဟုတ်သလို သင်ဇာ့ရဲ့ လတ်တလော အောင်မြင်မှုကို ထိခိုက်သွားတာလည်း မရှိပါဘူး။ သူတို့ဝိုင်းပြောတဲ့အခါမှာ လူအများက ဘာလို့ ဝိုင်းပြောနေကြတာလဲဆိုတဲ့ Attention ပို ရလာတယ်။ သူတို့ရဲ့ဘယ်လို ဝေဖန်မှုပဲဖြစ်ဖြစ် တစေ့တစောင်းကြည့်နေလို့ ဝေဖန်နိုင်တာဆိုတော့ စောင့်ကြည့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

သင်ဇာဝင့်ကျော်က အခုနောက်ပိုင်း သရုပ်ဆောင်တယောက် အနေနဲ့တင်မက Sexy မော်ဒယ်တယောက် အနေနဲ့ပါ ဓာတ်ပုံ ရိုက်ကူးမှုများလုပ်သလို ပွဲအခမ်းအနားများ တက်ရောက်လျက်ရှိပြီး သူလုပ်ခဲ့တဲ့ အလုပ်အပေါ် ဘယ်လိုတုန့်ပြန်မလဲဆိုတာ သိပြီးသားဖြစ်တယ်လို့ ဆိုပါတယ်။

“အလုပ်တခု လုပ်လိုက်ရင် ကိုယ်ဒီလိုမျိုး လုပ်လိုက်လို့ သူတို့ဘက်က ဘယ်လိုတုန့်ပြန်မလဲ ဆိုတာကို သိထားပြီးသားပါ။ အဲ့တုန့်ပြန်မှု ဒဏ်တွေကို ခံနိုင်လို့ ဒီလိုမျိုးလမ်းကို ရွေးပြီး လုပ်ခဲ့တာပေါ့။ အဲ့လိုလုပ်ခဲ့လို့လည်း အခုချိန်ထိ ပွဲတက်တွေ လာငှါးကြတယ်။ ပွဲတွေ အခုထိ တက်နေရတယ်။ ကိုယ့်အတွက် စီးပွားရေးအနေနဲ့ လမ်းကြောင်းတခုလို့ ပြောလို့ရတာပေါ့။ ဒါကြောင့်မို့လို့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ချမိလို့ နောင်တလည်း မရပါဘူး။ အားလုံးရဲ့ ကောင်းတဲ့ ဝေဖန်မှုပဲဖြစ်ဖြစ်၊ ဆိုးတဲ့ဝေဖန်မှုပဲဖြစ်ဖြစ် သင်ဇာ လက်ခံနိုင်တယ်”လို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။ Ref – Irrawaddy

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.