မွေးကင်းစကလေးစွန့်ပစ်မှုနဲ့ စိုးစန္ဒာထွန်းအား အရေးယူ


မိုးညှင်း ဇွန် ၁၀

ကချင်ပြည်နယ်မိုးညှင်းမြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် ချက်ကြိုးတန်းလန်းဖြင့် သေဆုံးနေသော မွေးကင်းစကလေးငယ်တစ်ဦးစွန့် ပစ်ထားသည်ကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများမှ စုံစမ်းဖေါ်ထုတ်ကာ ဥပဒေနှင့်အညီအရေးယူထားသည်။

ဖြစ်ပွါးပုံမှာ ဇွန်လ(၁၀)ရက်နေ့ ညနေ (၆)နာရီခွဲအချိန်ခန့် တွင်မိုးညှင်းမြို့မရဲစခန်း၌ဒုရဲအုပ်ကျော်မင်းနိုင်သည်တာဝန်မှူး အဖြစ်ဆောင်ရွက်နေစဉ်မိုးညှင်းမြို့နယ်ပြည့်သူ့ ဆေးရုံကြီး သားဖွားမီးယပ်အဆောင်နှင့် ဓါတ်မှန်အဆောင်ကြားတွင်မွေးကင်းစ ယောင်္ကျားလေးအလောင်းစွန့် ပစ်ထားကြောင်းသတင်းရရှိခဲ့သဖြင့် ဒုရဲအုပ်ကျော်မင်းနိုင်နှင့်အဖွဲ့ သည် သက်သေမြို့မရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်စိုးနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။


ထို့ ကြောင့် မွေးကင်းစကလေးအသေအား တာဝန်ရှိသူတို့ထံ သတင်းပေးအကြောင်းကြားခြင်းမရှိဘဲ စွန့်ပစ်သူ မစိုးစန္ဒာထွန်း (၁၇)နှစ်(ဘ)ဦးတင်စိုး နတ်ကြီးကုန်းရပ်ကွက် မော်ဟန်ကျေးရွာနေသူအား မိုးညှင်းမြို့မရဲစခန်းမှ(ပ)—-/၂၀၁၉ ပုဒ်မ—– ဖြင့်အမှုရေးဖွင့် ခဲ့ပြီး မစိုးစန္ဒာထွန်းမှာ မိုးညှင်းမြို့နယ်ပြည်သူ့ ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းသိရှိရသည်။ Ref – The Police 199

========

Unicode

မွေးကင်းစကလေးစွန့်ပစ်မှုနဲ့ မိခင်ဖြစ်သူကိုအရေးယူလိုက်ပြီ

မိုးညှင်း ဇွန် ၁၀

ကချင်ပြည်နယ်မိုးညှင်းမြိ့ုနယ်ပြည်သူ့ဆေးရုံကြီးတွင် ချက်ကြိုးတန်းလန်းဖြင့် သေဆုံးနေသော မွေးကင်းစကလေးငယ်တစ်ဦးစွန့် ပစ်ထားသည်ကိုတွေ့ရှိရသဖြင့် တာဝန်ရှိသူများမှ စုံစမ်းဖေါ်ထုတ်ကာ ဥပဒေနှင့်အညီအရေးယူထားသည်။

ဖြစ်ပွါးပုံမှာ ဇွန်လ(၁၀)ရက်နေ့ညနေ (၆)နာရီခွဲအချိန်ခန့်တွင်မိုးညှင်းမြိ့ုမရဲစခန်း၌ဒုရဲအုပ်ကျော်မင်းနိုင်သည်တာဝန်မှူး အဖြစ်ဆောင်ရွက်နေစဉ်မိုးညှင်းမြိ့ုနယ်ပြည့်သူ့ဆေးရုံကြီး သားဖွားမီးယပ်အဆောင်နှင့် ဓါတ်မှန်အဆောင်ကြားတွင်မွေးကင်းစ ယောင်္ကျားလေးအလောင်းစွန့်ပစ်ထားကြောင်းသတင်းရရှိခဲ့သဖြင့် ဒုရဲအုပ်ကျော်မင်းနိုင်နှင့်အဖွဲ့သည် သက်သေမြိ့ုမရပ်ကွက် အုပ်ချုပ်ရေးမှူးဦးဝင်းနိုင်စိုးနှင့်အတူသွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

အခင်းဖြစ်နေရာတွင်ချက်ကြိုးတန်းလန်းနှင့် မွေးကင်းစကလေး အလောင်းအားမှောက်လျက် ဦးခေါင်းစောင်းအနေအထားဖြင့် တွေ့ရှိရပြီးဆက်လက်စုံစမ်းချက်အရ မော်ဟန်ကျေးရွာနေ မစိုးစန္ဒာထွန်း သည် ဗိုက်အောင့်သဖြင့်၎င်း၏မိခင်လိုက်ပါလျက် မိုးညှင်းဆေးရုံသို့လာရောက်ပြသစဉ် ဗိုက်ထဲမှအောင့်လာ၍ သားဖွားဆောင်အောက်ထပ် အိမ်သာသို့ဝင်ရောက်ခဲ့ရာမှ ကိုယ်ဝန်ပျက်ကျခဲ့၍ ၎င်းကလေးငယ်အားအိမ်သာမှန်ကပ်ရှင်ပေါက်မှ စွန့်ပစ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့သဖြင့်ဒုရဲအုပ်ကျော်မင်းနိုင်မှတရားလိုပြုလုပ်အမှုဖွင့်လှစ်ခဲ့သည်။

ထို့ကြောင့် မွေးကင်းစကလေးအသေအား တာဝန်ရှိသူတို့ထံ သတင်းပေးအကြောင်းကြားခြင်းမရှိဘဲ စွန့်ပစ်သူ မစိုးစန္ဒာထွန်း (၁၇)နှစ်(ဘ)ဦးတင်စိုး နတ်ကြီးကုန်းရပ်ကွက် မော်ဟန်ကျေးရွာနေသူအား မိုးညှင်းမြိ့ုမရဲစခန်းမှ(ပ)—-/၂၀၁၉ ပုဒ်မ—– ဖြင့်အမှုရေးဖွင့် ခဲ့ပြီး မစိုးစန္ဒာထွန်းမှာ မိုးညှင်းမြိ့ုနယ်ပြည်သူ့ဆေးရုံကြီးတွင် ဆေးဝါးကုသမှုခံယူလျက်ရှိကြောင်းသိရှိရသည်။ Ref – The Police 199

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.