လာမည့္ႏွစ္မ်ားအတြင္း ကားမ်ားမီးခိုးထြက္ေန၍မရေတာ့ဟု ဦးၿဖိဳးမင္းသိန္း ေျပာ

လာမည့္ႏွစ္မ်ားအတြင္း ကားမ်ားမီးခိုးထြက္ေန၍မရေတာ့ဟု ရန္ကုန္တုိင္း၀န္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္း ေျပာ

ေလထုမညစ္ညမ္းေစေရးအတြက္ ယခု ၂၀၁၉ ခုႏွစ္အတြင္း မီးခိုးအလံုးလုိက္ထြက္ေသာကားမ်ားကို ဖမ္းဆီးေတာ့မည္ျဖစ္ေၾကာင္း ရန္ကုန္တုိင္းေဒသႀကီးအစိုးရအဖြဲ႔မွဝန္ႀကီးခ်ဳပ္ဦးၿဖိဳးမင္းသိန္းက ေျပာလုိက္သည္။

ရန္ကုန္တကၠသိုလ္ရွိ စိန္ရတုခန္းမတြင္ ဇြန္လ ၅ ရက္ကက်င္းပေသာ ၂၀၁၉ ခုႏွစ္ ကမၻာ့ပတ္ဝန္းက်င္ ထိန္းသိမ္းေရးေန႔အခမ္းအနားတြင္ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

“ ကၽြန္ေတာ္တုိ႔ၿမိဳ႕မွာေမာင္းႏွင္ေနတဲ့ကားေတြမီးခုိးထြက္ေနတဲ့ကားေတြကို ထိန္းသိမ္းရမွာျဖစ္ပါတယ္။ အင္ဂ်င္ က်ေနတဲ့ မီးခုိးထြက္ေနတဲ့ကားေတြကို လမ္းမေပၚမွာေမာင္းလုိ႔မရႏုိင္ပါဘူး။ ကၽြန္ေတာ္တုိ႔က တတ္ႏုိင္သေလာက္ လူထုရဲ႕စီးပြားေရးဖြံ႔ၿဖိဳးတုိးတက္ေရးအတြက္ တခ်ိဳ႕အေျခအေနေတြကို တတ္ႏုိင္သေလာက္ ထိန္းသိမ္းၿပီးေဆာင္ရြက္ေနတာေတြရွိပါတယ္။ လာမယ့္ႏွစ္ေတြထဲမွာေတာ့ ကားေတြက မီးခိုးထြက္ေနလုိ႔ မရေတာ့ဘူးလုိ႔ ေျပာရေတာ့မွာျဖစ္ပါတယ္။ ေလထုမညစ္ညမ္းေစဖို႔ ၂၀၁၉ ခုႏွစ္အတြင္း မီးခိုးအမဲေရာင္ အလံုးလုိက္ထြက္ေနတဲ့ကားေတြကို ဖမ္းဆီးေတာ့မွာပါ” ဟု ဦးၿဖိဳးမင္းသိန္းက ေျပာသည္။

ေလထုညစ္ညမ္းမႈေၾကာင့္ ကမၻာေပၚတြင္ ႏွစ္စဥ္ေသဆံုးသူဦးေရ ၃.၇ သန္းရွိၿပီး အဆုိပါေသဆံုးမႈအနက္ ၂.၆ သန္းသည္ အေရွ႕ေတာင္အာရွႏွင့္အေနာက္ပစိဖိတ္ေဒသမ်ားမွျဖစ္ေၾကာင္း သိရသည္။

ကမၻာေပၚရွိ ႏုိင္ငံေပါင္း ၁၉၃ ႏုိင္ငံအနက္ ႏုိင္ငံေပါင္း ၉၀ တြင္ ေမာ္ေတာ္ယာဥ္မ်ားမွ အခုိ္းအေငြ႔ထုတ္လႊတ္မႈ အတြက္ စံခ်ိန္စံညႊန္းမရွိေသးေၾကာင္း ရန္ကုန္တုိင္းေဒသႀကီး၊ ပတ္ဝန္းက်င္ထိန္းသိမ္းေရးဦးစီးဌာနမွ သိရသည္။ Ref – (အကုန္သိသတင္းဌာန)

==========

Unicode

လာမည့်နှစ်များအတွင်း ကားများမီးခိုးထွက်နေ၍မရတော့ဟု ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြော

လေထုမညစ်ညမ်းစေရေးအတွက် ယခု ၂၀၁၉ ခုနှစ်အတွင်း မီးခိုးအလုံးလိုက်ထွက်သောကားများကို ဖမ်းဆီးတော့မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောလိုက်သည်။

ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် ဇွန်လ ၅ ရက်ကကျင်းပသော ၂၀၁၉ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

“ ကျွန်တော်တို့မြို့မှာမောင်းနှင်နေတဲ့ကားတွေမီးခိုးထွက်နေတဲ့ကားတွေကို ထိန်းသိမ်းရမှာဖြစ်ပါတယ်။ အင်ဂျင် ကျနေတဲ့ မီးခိုးထွက်နေတဲ့ကားတွေကို လမ်းမပေါ်မှာမောင်းလို့မရနိုင်ပါဘူး။ ကျွန်တော်တို့က တတ်နိုင်သလောက် လူထုရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် တချို့အခြေအနေတွေကို တတ်နိုင်သလောက် ထိန်းသိမ်းပြီးဆောင်ရွက်နေတာတွေရှိပါတယ်။ လာမယ့်နှစ်တွေထဲမှာတော့ ကားတွေက မီးခိုးထွက်နေလို့ မရတော့ဘူးလို့ ပြောရတော့မှာဖြစ်ပါတယ်။ လေထုမညစ်ညမ်းစေဖို့ ၂၀၁၉ ခုနှစ်အတွင်း မီးခိုးအမဲရောင် အလုံးလိုက်ထွက်နေတဲ့ကားတွေကို ဖမ်းဆီးတော့မှာပါ” ဟု ဦးဖြိုးမင်းသိန်းက ပြောသည်။

လေထုညစ်ညမ်းမှုကြောင့် ကမ္ဘာပေါ်တွင် နှစ်စဉ်သေဆုံးသူဦးရေ ၃.၇ သန်းရှိပြီး အဆိုပါသေဆုံးမှုအနက် ၂.၆ သန်းသည် အရှေ့တောင်အာရှနှင့်အနောက်ပစိဖိတ်ဒေသများမှဖြစ်ကြောင်း သိရသည်။

ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၃ နိုင်ငံအနက် နိုင်ငံပေါင်း ၉၀ တွင် မော်တော်ယာဉ်များမှ အခိုးအငွေ့ထုတ်လွှတ်မှု အတွက် စံချိန်စံညွှန်းမရှိသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။ Ref – (အကုန်သိသတင်းဌာန)

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.