ဖြစ်စဉ်မှာ ပြည်ခရိုင်တရားရုံးရှေ့၌ ဇွန်လ ၁၀ ရက်၊ ယနေ့နေ့လယ် ၁ နာရီခွဲခန့်က ဦးကျော်ကျော်ဥာဏ်ဝင်း၊ (၄၂)နှစ်သည် ကော်ဖီဆိုင်၌ အသိမိတ်ဆွေတစ်ဦးနှင့်ထိုင်နေစဉ် လူငယ်တစ်ဦးရောက်ရှိလာပြီး အသင့်ပါလာသည့်ဓားဖြင့် လည်ပင်းကိုထိုးကာဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဓားဖြင့်ထိုးခံရသူ ဦးကျော်ကျော်ဥာဏ်ဝင်းအား အခင်းဖြစ်ပွားချိန်၌ နီးစပ်ရာကားဖြင့် ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ကာ အရေးပေါ်ဆေးကုသပေးနေကြောင်း သိရသည်။
ဓားဖြင့် ထိုးသွားသူမှာ အသက် ၂၀ ခန့်ရှိ ချစ်မင်းလူဆိုသူဖြစ်ပြီး ဒဏ်ရာရရှိသူဦးကျော်ကျော်ဥာဏ်ဝင်းနှင့် ရန်ငြိုးရှိသူဖြစ်ကြောင်း ပတ်ဝန်းကျင်မှပြောပြချက်များအရ သိရသည်။ Ref – အကုန်သိ
==========
Unicode
ပြည်မြို့ခရိုင်တရားရုံးရှေ့တွင် NLD မြို့နယ်သတင်းပြန်ကြားရေးတာဝန်ခံ ဓားထိုးခံရ
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်မြို့နယ်တရားရုံးရှေ့၌ ယနေ့(ဇွန်လ ၁၀ ရက်)၊ နေ့လယ်ပိုင်းက NLD မြို့နယ်သတင်းပြန်ကြားရေးတာဝန်ခံ၏ လည်ပင်းကို လူငယ်တစ်ဦးက ဓားဖြင့်ထိုးကာထွက်ပြေးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ပြည်ခရိုင်တရားရုံးရှေ့၌ ဇွန်လ ၁၀ ရက်၊ ယနေ့နေ့လယ် ၁ နာရီခွဲခန့်က ဦးကျော်ကျော်ဉာဏ်ဝင်း၊ (၄၂)နှစ်သည် ကော်ဖီဆိုင်၌ အသိမိတ်ဆွေတစ်ဦးနှင့်ထိုင်နေစဉ် လူငယ်တစ်ဦးရောက်ရှိလာပြီး အသင့်ပါလာသည့်ဓားဖြင့် လည်ပင်းကိုထိုးကာဆိုင်ကယ်ဖြင့်ထွက်ပြေးသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“ ကိုကျော်ကျော်ဉာဏ်ဝင်းနဲ့ကျွန်တော်နဲ့က တရားရုံးမှာ အမှုကိစ္စနဲ့အကူအညီလိုအပ်သူတွေကို ပရဟိတသဘောမျိုး ဆောင်ရွက်ပေးနေတာပါ။ အခင်းဖြစ်တဲ့အချိန်မှာ ကျွန်တော်နဲ့သူနဲ့မျက်နှာချင်းဆိုင် ထိုင်နေပြီး သူကတော့ ကော်ဖီမှာသောက်နေတာပေါ့။ အဲဒီအချိန်မှာလူငယ်တစ်ဦးကနေ အခုလိုဓားနဲ့ နှစ်ချက်ထိုးလိုက်တာကြောင့် လည်ပင်းတစ်ချက်နဲ့ နောက်ကျောတစ်ချက်ဒဏ်ရာရရှိသွားပါတယ်” ဟု အခင်းဖြစ်နေရာ၌ရှိနေသည့် မျက်မြင်သက်သေ ကိုဝင်းလှိုင်(ပြည်) က အကုန်သိသတင်းဌာနသို့ ပြောသည်။
ဓားဖြင့်ထိုးခံရသူ ဦးကျော်ကျော်ဉာဏ်ဝင်းအား အခင်းဖြစ်ပွားချိန်၌ နီးစပ်ရာကားဖြင့် ပြည်မြို့ ကုတင် ၅၀၀ ဆေးရုံကြီးသို့ ပို့ဆောင်ကာ အရေးပေါ်ဆေးကုသပေးနေကြောင်း သိရသည်။
ဓားဖြင့် ထိုးသွားသူမှာ အသက် ၂၀ ခန့်ရှိ ချစ်မင်းလူဆိုသူဖြစ်ပြီး ဒဏ်ရာရရှိသူဦးကျော်ကျော်ဉာဏ်ဝင်းနှင့် ရန်ငြိုးရှိသူဖြစ်ကြောင်း ပတ်ဝန်းကျင်မှပြောပြချက်များအရ သိရသည်။ Ref – အကုန်သိ
Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.