ေပါက္တူးနဲ့ ေပါက္မိျပီး ေျခေထာက္ကြဲသြားခဲ့တဲ့ အိျႏၵာေက်ာ္ဇင္

နိုင္ငံေက်ာ္ မင္းသမီးေခ်ာေလး အိျႏၵာေက်ာ္ဇင္က က်ရာဇာတ္ရုပ္အတုိင္း စိတ္ေရာကိုယ္ပါ နစ္ျပီး သရုပ္ေဆာင္တတ္သူ တစ္ဦးပါ။ သူမရဲ့ နွစ္(၂၀) ေက်ာ္ၾကာ ျပည့္ဝလြန္းတဲ့ အနုပညာစြမ္းရည္ေၾကာင့္ ေအာင္ျမင္မႈေတြ မ်ားစြာ ရရိွခဲ့ျပီး တစ္နုိင္ငံလံုးက ပရိသတ္ေတြရဲ့ အားေပးမႈကို ရရိွပိုင္ဆိုင္ထားသူေလး ျဖစ္ပါတယ္။

အိျႏၵာေက်ာ္ဇင္က အကယ္ဒမီဆုၾကီး (၂) ဆုကို ထိုက္ထိုက္တန္တန္ ဆြတ္ခူးရရိွထားျပီး အနုပညာလမ္းမေပၚမွာ ေတာက္ပစြာနဲ့ ရပ္တည္ေနနိုင္တဲ့ မင္းသမီးေလးတစ္ဦးျဖစ္ပါတယ္။

အိျႏၵာေက်ာ္ဇင္က လက္ရိွမွာေတာ့ ဒါရိုက္တာ ကိုေပါက္ ရိုက္ကူးတဲ့ “ဇာတ္လိုက္” ရုပ္ရွင္ဇာတ္ကားၾကီးမွာ ျမင့္ျမတ္၊ ခိုင္သင္းၾကည္၊ ေအာင္ေရခ်မ္း၊ ထူးေအာင္၊ ေမျမင့္မိုရ္တို့နဲ့ အတူတူ ရိုက္ကူးေနတာပဲ ျဖစ္ပါတယ္။

အိျႏၵာေက်ာ္ဇင္က “ဇာတ္လိုက္” ရုပ္ရွင္ဇာတ္ကားၾကီးကို ရိုက္ကူးေနစဥ္အတြင္းမွာပဲ မေတာ္တဆမႈတစ္ခုနဲ့ ၾကံုေတြ့ခဲ့ရေၾကာင္းကို အခုလို စိတ္မေကာင္းျဖစ္စြာ ေျပာျပထားပါတယ္။ အိျႏၵာေက်ာ္ဇင္တို႔ ကားတစ္ကား႐ိုက္တိုင္း ထိခိုက္ဒဏ္ရာမရရင္ ကားတစ္ကားမၿပီးဘူး…ကား႐ိုက္တိုင္း ဒဏ္ရာရတာ ကိုယ့္

trademark လိုေတာင္ျဖစ္ေနၿပီ (မေန႔က”ဇာတ္လိုက္”ကားေနာက္ဆံုးေန႔ ဇာတ္ဝင္ခန္းထဲမွာ ခြ်န္ထက္ေနတဲ့ေပါက္တူးနဲ႔ သ႐ုပ္ေဆာင္ရင္း ကိုယ့္ကိုကိုယ္ျပန္ထိ)” ဆိုျပီး ဝမ္းနည္းဖြယ္ ေျပာျပထားပါတယ္။

အိျႏၵာေက်ာ္ဇင္ရဲ့ ဒဏ္ရာက ေတာ္ေတာ္ေလးၾကီးလို့ သူမကို ခ်စ္တဲ့ ပရိသတ္ေတြက အိျႏၵာေက်ာ္ဇင္အတြက္ စိတ္ပူေနၾကတာကို ေတြ့ရပါတယ္။ ရုပ္ရွင္ရိုက္ရင္းျဖစ္တာဆိုေတာ့ ေဆးရံုေဆးခန္း အလြယ္တကူရိွတာပဲ ကံေကာင္းတယ္လို့ ဆိုရပါမယ္။

ပရိသတ္ေတြကေတာ့ အိျႏၵာေက်ာ္ဇင္အတြက္ ေတာ္ေတာ္ေလးစိတ္ပူေနၾကပါတယ္။ ခ်စ္ရတဲ့ အူဝဲတစ္ေယာက္ ဒဏ္ရာသက္သာျပီး အျမန္ဆံုး သက္သာေပ်ာက္ကင္းပါေစလို့ ဆုေတာင္းေပးလိုက္ပါတယ္။ အခ်ိန္ေပးျပီး ဖတ္ရႈေပးတဲ့ ပရိသတ္ၾကီးကို မိုမိုေလးမွ ေက်းဇူးအထူးတင္ရိွပါတယ္။

Rowena

Source: Eaindra Kyaw Zin

=========

Unicode

နိုင်ငံကျော် မင်းသမီးချောလေး အိန္ဒြာကျော်ဇင်က ကျရာဇာတ်ရုပ်အတိုင်း စိတ်ရောကိုယ်ပါ နစ်ပြီး သရုပ်ဆောင်တတ်သူ တစ်ဦးပါ။ သူမရဲ့ နှစ်(၂၀) ကျော်ကြာ ပြည့်ဝလွန်းတဲ့ အနုပညာစွမ်းရည်ကြောင့် အောင်မြင်မှုတွေ များစွာ ရရှိခဲ့ပြီး တစ်နိုင်ငံလုံးက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိပိုင်ဆိုင်ထားသူလေး ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က အကယ်ဒမီဆုကြီး (၂) ဆုကို ထိုက်ထိုက်တန်တန် ဆွတ်ခူးရရှိထားပြီး အနုပညာလမ်းမပေါ်မှာ တောက်ပစွာနဲ့ ရပ်တည်နေနိုင်တဲ့ မင်းသမီးလေးတစ်ဦးဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က လက်ရှိမှာတော့ ဒါရိုက်တာ ကိုပေါက် ရိုက်ကူးတဲ့ “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးမှာ မြင့်မြတ်၊ ခိုင်သင်းကြည်၊ အောင်ရေချမ်း၊ ထူးအောင်၊ မေမြင့်မိုရ်တို့နဲ့ အတူတူ ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။

အိန္ဒြာကျော်ဇင်က “ဇာတ်လိုက်” ရုပ်ရှင်ဇာတ်ကားကြီးကို ရိုက်ကူးနေစဉ်အတွင်းမှာပဲ မတော်တဆမှုတစ်ခုနဲ့ ကြုံတွေ့ခဲ့ရကြောင်းကို အခုလို စိတ်မကောင်းဖြစ်စွာ ပြောပြထားပါတယ်။ အိန္ဒြာကျော်ဇင်တို့ ကားတစ်ကားရိုက်တိုင်း ထိခိုက်ဒဏ်ရာမရရင် ကားတစ်ကားမပြီးဘူး…ကားရိုက်တိုင်း ဒဏ်ရာရတာ ကိုယ့်

trademark လိုတောင်ဖြစ်နေပြီ (မနေ့က”ဇာတ်လိုက်”ကားနောက်ဆုံးနေ့ ဇာတ်ဝင်ခန်းထဲမှာ ချွန်ထက်နေတဲ့ပေါက်တူးနဲ့ သရုပ်ဆောင်ရင်း ကိုယ့်ကိုကိုယ်ပြန်ထိ)” ဆိုပြီး ဝမ်းနည်းဖွယ် ပြောပြထားပါတယ်။

အိန္ဒြာကျော်ဇင်ရဲ့ ဒဏ်ရာက တော်တော်လေးကြီးလို့ သူမကို ချစ်တဲ့ ပရိသတ်တွေက အိန္ဒြာကျော်ဇင်အတွက် စိတ်ပူနေကြတာကို တွေ့ရပါတယ်။ ရုပ်ရှင်ရိုက်ရင်းဖြစ်တာဆိုတော့ ဆေးရုံဆေးခန်း အလွယ်တကူရှိတာပဲ ကံကောင်းတယ်လို့ ဆိုရပါမယ်။

ပရိသတ်တွေကတော့ အိန္ဒြာကျော်ဇင်အတွက် တော်တော်လေးစိတ်ပူနေကြပါတယ်။ ချစ်ရတဲ့ အူဝဲတစ်ယောက် ဒဏ်ရာသက်သာပြီး အမြန်ဆုံး သက်သာပျောက်ကင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ အချိန်ပေးပြီး ဖတ်ရှုပေးတဲ့ ပရိသတ်ကြီးကို မိုမိုလေးမှ ကျေးဇူးအထူးတင်ရှိပါတယ်။

Rowena

Source: Eaindra Kyaw Zin

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.