ကာမအားတုိးေဆးအတု၊ ထုတ္လုပ္သည့္စက္ႏွင့္ဆက္စပ္ ပစၥည္းမ်ားကို ဖမ္းဆီးရမိ

ေက်ာက္ဆည္တြင္ ကာမအားတုိးေဆးအတု၊ ထုတ္လုပ္သည့္စက္ႏွင့္ဆက္စပ္ပစၥည္းမ်ားကို ဖမ္းဆီးရမိ

မႏၲေလး၊ ေမ ၂၄

ေမ ၂၃ ရက္ေန႔ ညေန ၄ နာရီခဲြအခ်ိန္က ေက်ာက္ဆည္ၿမိဳ႔မရဲစခန္းမွတပ္ဖြဲ႔၀င္မ်ား၊ေက်ာက္ဆည္ခရုိင္ျပည္သူ႔က်န္းမာေရးဦးစီးဌာနမွ တာ၀န္ရိွသူမ်ားပါ၀င္သည့္ ပူးေပါင္းအဖဲြ႔သည္ သက္ေသမ်ားႏွင့္အတူ ေက်ာက္ဆည္ၿမိဳ႔၊ ၾကက္မင္းတြန္ရပ္ ကြက္ေနထြန္းလင္း၄၂ ႏွစ္၏ေနအိမ္တြင္ကာမအားတုိးေဆး မ်ား ထုတ္လုပ္ေရာင္းခ်ေနေၾကာင္းသတင္းအရ ၀င္ေရာက္ ရွာေဖြခဲ့သည္။

ထိုကဲ့သို ့ရွာေဖြရာတြင္ ကာမအားတုိးေဆးမ်ားႏွင့္ ကာမအားတုိးေဆးကို ေနအိမ္တြင္ထုတ္လုပ္သည့္စက္ႏွင့္ ဆက္ စပ္ပစၥည္းမ်ား ( စုစုေပါင္းတန္ဖုိး ၂၀,၃၄၆,၀၀၀က်ပ္ခန္႔) အား ေတြ႔ရိွသိမ္းဆည္ရမိခဲ့သည္။ ဖမ္းဆီးရမိသည့္ကာမအားတိုးေဆးမ်ားထဲတြင္ ျပည္ပႏိုင္ငံမ်ားတြင္သာထုတ္လုပ္ သည့္အမွတ္တံဆိပ္မ်ားလည္းေတြ ့ရွိခဲ့ရသည္ဟုသိရသည္။

ထြန္းလင္းကို ေက်ာက္ဆည္ၿမိဳ႔မရဲစခန္း (ပ)၃၇၇/၂၀၁၉၊ အမ်ိဳးသားေဆး၀ါး ဥပေဒပုဒ္မ ၁၈ အရ အမႈဖြင့္စစ္ေဆးေဆာင္ ရြက္လ်က္ရိွေၾကာင္းမႏၱေလးတိုင္းေဒသၾကီးရဲတပ္ဖြဲ ့မွ သတင္း ထုတ္ျပန္ထားသည္။ Ref – The Ladies News

==========

Unicode

ကျောက်ဆည်တွင် ကာမအားတိုးဆေးအတု၊ ထုတ်လုပ်သည့်စက်နှင့်ဆက်စပ်ပစ္စည်းများကို ဖမ်းဆီးရမိ

မန္တလေး၊ မေ ၂၄

မေ ၂၃ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်က ကျောက်ဆည်မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ကျောက်ဆည်ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများပါဝင်သည့် ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျောက်ဆည်မြို့၊ ကြက်မင်းတွန်ရပ် ကွက်နေထွန်းလင်း၄၂ နှစ်၏နေအိမ်တွင်ကာမအားတိုးဆေး များ ထုတ်လုပ်ရောင်းချနေကြောင်းသတင်းအရ ဝင်ရောက် ရှာဖွေခဲ့သည်။

ထိုကဲ့သို့ရှာဖွေရာတွင် ကာမအားတိုးဆေးများနှင့် ကာမအားတိုးဆေးကို နေအိမ်တွင်ထုတ်လုပ်သည့်စက်နှင့် ဆက် စပ်ပစ္စည်းများ ( စုစုပေါင်းတန်ဖိုး ၂၀,၃၄၆,၀၀၀ကျပ်ခန့်) အား တွေ့ရှိသိမ်းဆည်ရမိခဲ့သည်။ ဖမ်းဆီးရမိသည့်ကာမအားတိုးဆေးများထဲတွင် ပြည်ပနိုင်ငံများတွင်သာထုတ်လုပ် သည့်အမှတ်တံဆိပ်များလည်းတွေ့ရှိခဲ့ရသည်ဟုသိရသည်။

ထွန်းလင်းကို ကျောက်ဆည်မြို့မရဲစခန်း (ပ)၃၇၇/၂၀၁၉၊ အမျိုးသားဆေးဝါး ဥပဒေပုဒ်မ ၁၈ အရ အမှုဖွင့်စစ်ဆေးဆောင် ရွက်လျက်ရှိကြောင်းမန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သတင်း ထုတ်ပြန်ထားသည်။ Ref – The Ladies News

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.