နိုင်ငံတော်သမ္မတ ဦးဝင်မြင့် မိန့်ခွန်း ကြမ်းပြီ


“တချို့က ချီးမြှင့်ငွေ၊လစာ ၊အဆောင်အယောင်ပေါ်မှာ သာယာပြီးတော့ အိပ်လိုက်စားလိုက် ကိုယ့်အလုပ်ကိုယ် မလုပ်၊ကိုယ်ကြီးကြပ်ရမှာ



ဥပဒေ အထက်မှာ မည်သူမျှ မရှိတဲ့ တရားစီရင်ရေးမှုမျိုးဖြစ်အောင်ဆောင်ရန် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့် က တိုက်တွန်းပြောကြားခဲ့သေးသည်။




မိမိအနေဖြင့်လည်း ပေးအပ်ထားသည့် အဆောင်အယောင်တွင် မပျော်မွှေ့ကြောင်း အရာထမ်းများအနေဖြင့် လည်း နိုင်ငံတော်မှ ပေးအပ်ထားသည့် အပေါ် မပျော်မွေ့ဖို့လည်း သမ္မတ မှ သတိပေးပြောကြားခဲ့သည်။

TheFifthWave

=========

Unicode

“ကိုယ့်အလုပ် ကိုယ်မလုပ်ဘဲ ဘယ်လိုပြုပြင်ပြောင်းလဲမှာလဲ” ဟု သမ္မတ သတိပေးမေးခွန်းထုတ် . . .ကိုယ့်အလုပ်ကိုယ်မလုပ်ဘဲ ပြုပြင်ပြောင်းမှုအား ဘယ်လိုလုပ်မည်နည်း ဟု နိုင်ငံတော်သမ္မတ ဦးဝင်မြင့် က မေးခွန်းထုတ်သတိပေးခဲ့သည်။

“တချို့က ချီးမြှင့်ငွေ၊လစာ ၊အဆောင်အယောင်ပေါ်မှာ သာယာပြီးတော့ အိပ်လိုက်စားလိုက် ကိ်ုယ့်အလုပ်ကိုယ် မလုပ်၊ကိုယ်ကြီးကြပ်ရမှာ မကြီးကြပ် ကိုယ်ကွပ်ကဲရမှာ မကွပ်ကဲ အဲ့တော့ ပြုပြင်ပြောင်းလဲမှု လုပ်ချင်တာ အဲ့အတိုင်း ဘယ်လို လုပ်ပြုပြင်ပြောင်းလဲမှုလုပ်လို့ရမလဲ”ဟု နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က နေပြည်တော်ကောင်စီအတွင်း ဋ္ဌာနဆိုင်ရာများနှင့်ယနေ့ တွေ့ဆုံပွဲတွင် သတိပေးပြောကြားခဲ့ ခြင်းဖြစ်သည်။

ဥပဒေ အထက်မှာ မည်သူမျှ မရှိတဲ့ တရားစီရင်ရေးမှုမျိုးဖြစ်အောင်ဆောင်ရန် နိ်ုင်ငံတော် သမ္မတ ဦးဝင်းမြင့် က တိုက်တွန်းပြောကြားခဲ့သေးသည်။

“သမ္မတမို့လို့၊ ဝန်ကြီးချုပ်မို့လို့၊ လွှတ်တော်ကိုယ်စားလှယ်မို့လို့ ၊နေပြည်တော်ကောင်စီဥက္ကဌမို့လို့ စသည်ဖြင့် အခွင့်အရေးမျိုးဆိုတာမျိုး ဥပဒေ အထက်မှာ ယူဖို့ မဟုတ်ပါဘူး။ အားလုံးဟာ ဥပဒေနဲ့ အညီ အမျှဖြစ်ရမှာဖြစ်ပါတယ်။ဥပဒေရဲ့ရှေ့မှောက်ရောက်လာရင် အားလုံးအညီအမျှဖြစ်ရမယ်။ဥပဒေ အထက်မှာ မည်သူမျှ မရှိရဘူး”ဟု သမ္မတဦးဝင်းမြင့်ကပြောသည်။

ထို့အတူ နိုင်ငံသားတွင် ဥပဒေကတမျိုး၊ကျေးရွာသူကျေးရွာသားများကျ ဥပဒေက တမျိုး၊မြို့သူမြို့သားကျဥပဒေက တမျိုး၊မင်းဆိုးရာဇာကျဥပဒေ က တမျိုး လုပ်ဆောင်နေခြင်းကိုလည်း မကြိုက်ကြောင်း သမ္မတဦးဝင်းမြင့်ကပြောဆိုလိုက်သည်။

ထို့ပြင် တရားစီရင်ရာတွင် မျက်နှာကြီးငယ်မလိုက်၊ ရာထူးဂုဏ်သိမ်အရှိန်အဝါ မရွေးဥပဒေ ဥပဒေမျိုးသာလိုလားကြောင်း သမ္မတ ဦးဝင်းမြင့်က သတိပေးပြောကြားသည်။

မိမိအနေဖြင့်လည်း ပေးအပ်ထားသည့် အဆောင်အယောင်တွင် မပျော်မွှေ့ကြောင်း အရာထမ်းများအနေဖြင့် လည်း နိ်ုင်ငံတော်မှ ပေးအပ်ထားသည့် အပေါ် မပျော်မွေ့ဖို့လည်း သမ္မတ မှ သတိပေးပြောကြားခဲ့သည်။

TheFifthWave

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.