ကနဦးသတင္း – အေသခံဗံုးခြဲတိုက္ခိုက္ေရးသမားကုိ ျမန္မာျပည္တြင္ ဖမ္းမိျပီ

သီရိလကၤာ ဗုံးခြဲမႈ သံသယရွိသူ တဦး ရန္ကုန္တြင္ ဖမ္းမိ

သီရိလကၤာ နိုင္ငံအတြင္း အေသခံ ဗုံးခြဲတိုက္ခိုက္မႈႏွင့္ ဆက္စပ္သည္ဟု သံသယရွိသူ Abdul Salam Irshad Mohmood ဆိုသူအား ယေန႕ ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕ ေက်ာက္တံတား ၿမိဳ႕နယ္အတြင္း ဖမ္းမိခဲ့သည္။

၎အေနျဖင့္ ေက်ာက္တံတားၿမိဳ႕နယ္ လူဝင္မႈႀကီးၾကပ္ေရး႐ုံးတြင္ နိုင္ငံကူးလက္မွတ္ သက္တမ္း လာေရာက္တိုးရာမွ ရဲတပ္ဖြဲ႕ က ရွာေဖြေနသူႏွင့္ အခ်က္အလက္မ်ား ကိုက္ညီမႈ ရွိေနသည့္အတြက္ ဖမ္းဆီးလိုက္ျခင္း ျဖစ္ေၾကာင္း သိရသည္။

ကမာၻလွည့္ ခရီးသြား လုံၿခဳံေရး ရဲတပ္ဖြဲ႕ (ရန္ကုန္) တာဝန္ရွိသူ တဦးက“သူက သက္တမ္းလာတိုးတဲ့ အခ်ိန္မွာ ဖမ္းမိတာပါ၊ အခုထိေတာ့ အတိအက် ေျပာလို႔မရေသးဘူး၊ သံသယရွိသူလို႔ပဲ ေျပာရမယ္၊ စစ္ေဆးေနတုန္းမို႔ပါ”ဟု ဧရာဝတီသို႔ ေျပာ သည္။

လက္ရွိတြင္ ဖမ္းဆီးရမိထားသူအား သတင္း ရဲတပ္ဖြဲ႕သို႔ လႊဲေျပာင္းေပးထားၿပီး ဆက္လက္ စစ္ေဆးလ်က္ ရွိသည္ဟုလည္း ဆို သည္။

၎သည္ ၂၀၁၈ ခုႏွစ္ ဇန္နဝါရီ ၁၆ ရက္ေန႕က Jat Star ေလေၾကာင္းလိုင္း ခရီစဥ္အမွတ္ (3k-583) ျဖင့္ ရန္ကုန္ေလဆိပ္ သို႔ ဝင္ေရာက္ ခဲ့ၿပီးေနာက္ တႏွစ္ေက်ာ္ၾကာသည္အထိ ေလဆိပ္မွ ျပန္လည္ ထြက္ခြာေၾကာင္း မေတြ႕ရွိရသျဖင့္ အခ်က္ အလက္မ်ား ရရွိရန္ တနိုင္ငံလုံးရွိ တပ္ဖြဲ႕စုမ်ားသို႔ ၫြန္ၾကားထားေၾကာင္း သိရသည္။

သီရိလကၤာနိုင္ငံ ကိုလံဘိုၿမိဳ႕ နီဂြမ္ဘိုၿမိဳ႕ႏွင့္ ဘတ္ကီကာေလလၿမိဳ႕မ်ားရွိ ခရစ္ယာန္ ဘုရားေက်ာင္းႏွင့္ ဟိုတယ္တို႔တြင္ ဧၿပီ ၂၁ ရက္ေန႕ (အီစတာေန႕) က အေသခံဗုံးခြဲ တိုက္ခိုက္ခံရမႈ ျဖစ္စဥ္တြင္ လူ ၃၂၀ ခန႔္ ေသဆုံးခဲ့ၿပီး ၅၀၀ ခန႔္ဒဏ္ရာရရွိမႈ ျဖစ္ပြားခဲ့သည္။

ထိုတိုက္ခိုက္မႈႏွင့္ပတ္သက္ၿပီး ISIS (အိုင္အက္စ္)အဖြဲ႕က ၎တို႔၏ လက္ခ်က္ျဖစ္ေၾကာင္း ေမလ ၂၃ ရက္ေန႕က AMAQ သတင္းဌာနက တဆင့္ ထုတ္ေဖာ ္ေၾကညာမႈတခု ျပဳလုပ္ထားသည္။

တိုက္ခိုက္မႈအၿပီး အိုင္အက္စ္ အၾကမ္းဖက္အဖြဲ႕ဝင္မ်ား အေနျဖင့္ ျမန္မာနိုင္ငံသို႔ ဝင္ေရာက္မည့္ အေျခအေနမ်ားႏွင့္ ပတ္သက္ ၍လည္း ေဒသတြင္းနိုင္ငံအခ်ိဳ႕မွ သတိေပးမႈမ်ား ျပဳလုပ္ခဲ့ၿပီး အင္ဒိုနီရွားနိုင္ငံ၏ ႀကိမ္ဖန္မ်ားစြာ သတိေပးမႈမ်ား ရရွိခဲ့ေၾကာင္း နိုင္ငံေတာ္ သမၼတ႐ုံး ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးေဇာ္ေဌးက ဧၿပီ ၂၇ ရက္ေန႕က ေျပာဆိုထားသည္

Credit..Irrawaddy

========

Unicode

သီရိလင်္ကာ ဗုံးခွဲမှု သံသယရှိသူ တဦး ရန်ကုန်တွင် ဖမ်းမိ

သီရိလင်္ကာ နိုင်ငံအတွင်း အသေခံ ဗုံးခွဲတိုက်ခိုက်မှုနှင့် ဆက်စပ်သည်ဟု သံသယရှိသူ Abdul Salam Irshad Mohmood ဆိုသူအား ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ ကျောက်တံတား မြို့နယ်အတွင်း ဖမ်းမိခဲ့သည်။

၎င်းအနေဖြင့် ကျောက်တံတားမြို့နယ် လူဝင်မှုကြီးကြပ်ရေးရုံးတွင် နိုင်ငံကူးလက်မှတ် သက်တမ်း လာရောက်တိုးရာမှ ရဲတပ်ဖွဲ့ က ရှာဖွေနေသူနှင့် အချက်အလက်များ ကိုက်ညီမှု ရှိနေသည့်အတွက် ဖမ်းဆီးလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

ကမ္ဘာလှည့် ခရီးသွား လုံခြုံရေး ရဲတပ်ဖွဲ့ (ရန်ကုန်) တာဝန်ရှိသူ တဦးက“သူက သက်တမ်းလာတိုးတဲ့ အချိန်မှာ ဖမ်းမိတာပါ၊ အခုထိတော့ အတိအကျ ပြောလို့မရသေးဘူး၊ သံသယရှိသူလို့ပဲ ပြောရမယ်၊ စစ်ဆေးနေတုန်းမို့ပါ”ဟု ဧရာဝတီသို့ ပြော သည်။

လက်ရှိတွင် ဖမ်းဆီးရမိထားသူအား သတင်း ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးထားပြီး ဆက်လက် စစ်ဆေးလျက် ရှိသည်ဟုလည်း ဆို သည်။

၎င်းသည် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၆ ရက်နေ့က Jat Star လေကြောင်းလိုင်း ခရီစဉ်အမှတ် (3k-583) ဖြင့် ရန်ကုန်လေဆိပ် သို့ ဝင်ရောက် ခဲ့ပြီးနောက် တနှစ်ကျော်ကြာသည်အထိ လေဆိပ်မှ ပြန်လည် ထွက်ခွာကြောင်း မတွေ့ရှိရသဖြင့် အချက် အလက်များ ရရှိရန် တနိုင်ငံလုံးရှိ တပ်ဖွဲ့စုများသို့ ညွန်ကြားထားကြောင်း သိရသည်။

သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့ နီဂွမ်ဘိုမြို့နှင့် ဘတ်ကီကာလေလမြို့များရှိ ခရစ်ယာန် ဘုရားကျောင်းနှင့် ဟိုတယ်တို့တွင် ဧပြီ ၂၁ ရက်နေ့ (အီစတာနေ့) က အသေခံဗုံးခွဲ တိုက်ခိုက်ခံရမှု ဖြစ်စဉ်တွင် လူ ၃၂၀ ခန့် သေဆုံးခဲ့ပြီး ၅၀၀ ခန့်ဒဏ်ရာရရှိမှု ဖြစ်ပွားခဲ့သည်။

ထိုတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ISIS (အိုင်အက်စ်)အဖွဲ့က ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း မေလ ၂၃ ရက်နေ့က AMAQ သတင်းဌာနက တဆင့် ထုတ်ဖော ်ကြေညာမှုတခု ပြုလုပ်ထားသည်။

တိုက်ခိုက်မှုအပြီး အိုင်အက်စ် အကြမ်းဖက်အဖွဲ့ဝင်များ အနေဖြင့် မြန်မာနိုင်ငံသို့ ဝင်ရောက်မည့် အခြေအနေများနှင့် ပတ်သက် ၍လည်း ဒေသတွင်းနိုင်ငံအချို့မှ သတိပေးမှုများ ပြုလုပ်ခဲ့ပြီး အင်ဒိုနီရှားနိုင်ငံ၏ ကြိမ်ဖန်များစွာ သတိပေးမှုများ ရရှိခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဧပြီ ၂၇ ရက်နေ့က ပြောဆိုထားသည်

Credit..Irrawaddy

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.