ဓားကိုုင္ေသာင္းက်န္းေနသူတစ္ဦးအား ရဲတပ္ဖြဲ႔မွပစ္ခတ္ဖမ္းဆီး

မန္းတြင္ ဓားကိုုင္ေသာင္းက်န္းေနသူတစ္ဦးအား ပစ္ခတ္ဖမ္းဆီး

မႏၱေလး၊ ေမ ၁၈

ယေန႔(ေမ ၁၈) နံနက္ ၄နာရီအခ်ိန္ခန္႔တြင္ မႏၱေလးျမိဳ႔ ေအာင္ေျမသာစံျမိဳ႔နယ္၊ ၆၆ x ၁၄ လမ္းေဒါင့္၊ ေဒါနဘြားရပ္ကြက္တြင္ လမ္းသြားလမ္းလာမ်ားအား ဓားရွည္တစ္ေခ်ာင္ျဖင့္ လိုုက္လံခုုတ္၍ ရန္ျပဳေနသူတစ္ဦးအား ရဲတပ္ဖြဲ႔မွ ပစ္ခတ္ဖမ္းဆီးခဲ့ရေၾကာင္း ရဲတပ္ဖြဲ႔မွ ကနဦးသတင္းသိရသည္။

ထိုုသိုု႔ ဓားကိုုင္ေသာင္းက်န္းရန္ျပဳေနေၾကာင္း ျပည္သူမ်ားမွ အေၾကာင္းၾကားသျဖင့္ နယ္ေျမအတြင္း၌ လွည့္ကင္းေဆာင္႐ြက္ေနေသာ နယ္ထိန္းအရာရွိ ႏွင့္ ရဲတပ္ဖြဲ႔၀င္မ်ား၊ အသိသက္ေသအျဖစ္ ေဒါနဘြားရပ္ကြက္ အကြက္(၅၄)ရာအိမ္မွဴးႏွစ္ဦးႏွင့္ ေဒါနဘြားရပ္ကြက္ ေဒသအရံမီးသတ္တပ္ဖြဲ႕မွ တပ္သားတစ္ဦးတို႔ အခင္းျဖစ္ေနရာသို႔ သြားေရာက္ ဖမ္းဆီးခဲ့ျခင္းျဖစ္သည္။

ထိုုသိုု႔ဖမ္းဆီးရာတြင္ ဓားခ်၍ အဖမ္းခံရန္ အၾကိမ္ၾကိမ္ေျပာဆိုုေသာ္လည္း နာခံမႈမရွိဘဲ တာ၀န္ရွိသူမ်ားအား ဓားျဖင့္ျပန္လွန္ရန္ျပဳေနသျဖင့္ ေသနတ္ျဖင့္ တစ္ခ်က္ေျခာက္လွန္႔ပစ္ခတ္ေသာ္လည္း ဆက္လက္ရန္ျပဳေနသျဖင့္ ခႏၶာကိုုယ္ေအာက္ပိုုင္းအား ေသနတ္ျဖင့္ ေနာက္ထပ္တစ္ခ်က္ပစ္ခတ္ခဲ့ရသည္။

ဤတြင္ ဓားကိုုင္ေသာင္းက်န္းေနသူမွာ လဲက်သြားသျဖင့္ နန္းေတာ္ေရွ႔ လူမႈကူညီေရးအသင္းမွ ကားျဖင့္ မႏၱေလးျပည္သူ႔ေဆးရုုံၾကီးသိုု႔ ပိုု႔ေဆာင္ကုုသခဲ့ရာ ေဆးကုုသမႈခံယူေနစဥ္ ေသဆုုံးသြားခဲ့ေၾကာင္း ရဲတပ္ဖြဲ႔ထံမွ ကနဦးသတင္းအျဖစ္ သိရသည္။ Ref – Popular News Journal

==========

Unicode

မန်းတွင် ဓားကိုင်သောင်းကျန်းနေသူတစ်ဦးအား ပစ်ခတ်ဖမ်းဆီး

မန္တလေး၊ မေ ၁၈

ယနေ့(မေ ၁၈) နံနက် ၄နာရီအချိန်ခန့်တွင် မန္တလေးမြို့ အောင်မြေသာစံမြို့နယ်၊ ၆၆ x ၁၄ လမ်းဒေါင့်၊ ဒေါနဘွားရပ်ကွက်တွင် လမ်းသွားလမ်းလာများအား ဓားရှည်တစ်ချောင်ဖြင့် လိုက်လံခုတ်၍ ရန်ပြုနေသူတစ်ဦးအား ရဲတပ်ဖွဲ့မှ ပစ်ခတ်ဖမ်းဆီးခဲ့ရကြောင်း ရဲတပ်ဖွဲ့မှ ကနဦးသတင်းသိရသည်။

ထိုသို့ ဓားကိုင်သောင်းကျန်းရန်ပြုနေကြောင်း ပြည်သူများမှ အကြောင်းကြားသဖြင့် နယ်မြေအတွင်း၌ လှည့်ကင်းဆောင်ရွက်နေသော နယ်ထိန်းအရာရှိ နှင့် ရဲတပ်ဖွဲ့ဝင်များ၊ အသိသက်သေအဖြစ် ဒေါနဘွားရပ်ကွက် အကွက်(၅၄)ရာအိမ်မှူးနှစ်ဦးနှင့် ဒေါနဘွားရပ်ကွက် ဒေသအရံမီးသတ်တပ်ဖွဲ့မှ တပ်သားတစ်ဦးတို့ အခင်းဖြစ်နေရာသို့ သွားရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးရာတွင် ဓားချ၍ အဖမ်းခံရန် အကြိမ်ကြိမ်ပြောဆိုသော်လည်း နာခံမှုမရှိဘဲ တာဝန်ရှိသူများအား ဓားဖြင့်ပြန်လှန်ရန်ပြုနေသဖြင့် သေနတ်ဖြင့် တစ်ချက်ခြောက်လှန့်ပစ်ခတ်သော်လည်း ဆက်လက်ရန်ပြုနေသဖြင့် ခန္ဓာကိုယ်အောက်ပိုင်းအား သေနတ်ဖြင့် နောက်ထပ်တစ်ချက်ပစ်ခတ်ခဲ့ရသည်။

ဤတွင် ဓားကိုင်သောင်းကျန်းနေသူမှာ လဲကျသွားသဖြင့် နန်းတော်ရှေ့ လူမှုကူညီရေးအသင်းမှ ကားဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသခဲ့ရာ ဆေးကုသမှုခံယူနေစဉ် သေဆုံးသွားခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ ကနဦးသတင်းအဖြစ် သိရသည်။ Ref – Popular News Journal

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.