ညည နှစ်​​ထောင်​​ပေးမယ်​ ငါး​ထောင်​ ​ပေးမယ်​တဲ့ – က​လေးအ​မေ ၁၈ နှစ်​အရွယ်​လေး ယ​နေ့ ညမှာဘဲ သူတို့ ကျွန်​​တော်​ သိမ်းဆည်းလိုက်​ပါပြီ
ခု မှ အိမ်​ပြန်​ရမှာ
ည ၁၁ နာရီ ၂၀ မိနစ်
=========
Unicode
ညည နှစ်ထောင်ပေးမယ် ငါးထောင်ပေးမယ်တဲ့
ကလေးအမေ ၁၈ နှစ်အရွယ်လေးခဗျာ မကူညီဘဲ ခြေတော်တင်ဖို့ကြိုးစားကြသူတွေ ရဲ့ဝိုင်းရံနေခြင်းကိုခံရတယ်
ညည နှစ်ထောင် ငါးထောင် ကိုပဲထိုင်ယူနေရင်တောင် သူ့သမီးလေးနဲ့သူ အဆင်ပြေတဲ့ဘဝ ရနိူင်ကောင်းရဲ့။ သို့သော်လဲ ဇာမဏီငှက်တို့ရဲ့နှလုံးသားလိုမျိုး အသက်သေမှ အမြှီးကျွတ်ခံမယ်ဆိုတဲ့စိတ်နဲ့ အနီးနား အဝတ်လျှော် မီးပူတိုက်ရင်းဖြူစင်စွာ သားအမိနှစ်ယောက် အသက်မွေးမြူကြတယ်
အိမ်ကအစုတ် လူတွေကလဲ အစုတ် ဒါပေမယ့် သူတို့သားအမိရဲ့နှလုံးသား မစုတ်ပြတ်ခဲ့ဘူး
လင်မရှိ ဆွေမျိုးမရှိလို့အနီးနားစောင့်ရှောက်သူတွေ ပေးထားတဲ့နေရာလေးမှာ အမေနဲ့သမီး အပြန်အလှန်မေတ္တာတွေနဲ့ငြိမ်းချမ်းလို့လှပလို့အေးမြလို့
အရွယ်ကောင်းလေး ကို မသမာသူတွေလိုင်းသွင်းမှာ စိုးရိမ်ကြတဲ့ အနီးနားမိတ်ဆွေများရဲ့ဖုန်းဆက်ခေါ်ယူမှု နဲ့ ယနေ့ညမှာဘဲ သူတို့သားအမိကိုကျွန်တော် သိမ်းဆည်းလိုက်ပါပြီ
အနီးနား မိဘများ ကျေးဇူးပါ ဖုန်းဆက်ပေးတဲ့ ညီမလေး စန္ဒီ ကျေးဇူးပါ
ဘဝများစွာ မိသားစုများစွာ ငြိမ်းချမ်းသာယာ ရှိကြပါစေခင်ဗျာ
ခု မှ အိမ်ပြန်ရမှာ
ည ၁၁ နာရီ ၂၀ မိနစ်