ပ့်ံႏွံ႔ေနတဲ႔ သင္ဇာဝင့္ေက်ာ္ ဗီဒီယိုဖိုင္ကိစၥ ေျပာၿပီ

႐ုပ္႐ွင္ကားေတြမ်ားစြာ ဗီဒီယုိကားေတြမ်ားစြာနဲ႔ ပရိသတ္အားေပးမႈကုိ ရယူထားႏုိင္သလုိ ျမန္မာႏုိင္ငံရဲ႕ ပုရိသေယာက္်ားေတြ မက္ေမာရေလာက္တဲ့ မိန္းကေလးေတြလည္း အားက်ရေလာက္ Sexy က်တဲ့ အမုိက္စား ကုိယ္ခႏၶာကုိယ္ကုိ ပုိင္ဆုိင္ထားျပီး ဝတ္စားဆင္ယင္ပုံေၾကာင့္ ေဝဖန္ခံရမႈ မ်ားေနတဲ့ မင္းသမီးသင္ဇာဝင့္ေက်ာ္ကေတာ့ ၿပီးခဲ့တဲ့ရက္ေတြတုန္းက ပရိသတ္ေတြကုိ လူမႈကြန္ရက္စာမ်က္ႏွာမွာ အံ႔အားသင့္ေစမယ့္ အရာတစ္ခုကုိ ျပဳလုပ္ခဲ့ပါတယ္။

အဲ့တာကေတာ့ဘာလဲဆုိေတာ့ သူအခုလက္႐ွိတြဲေနတဲ့ ခ်စ္သူႏုိင္ငံျခားသားကုိ ခ်ျပလုိက္တာပဲျဖစ္ပါတယ္။ ဒီအေၾကာင္းအရာနဲ႔ပတ္သက္ၿပီးေတာ့ လူျဖဴမုိ႔လုိ႔ ခ်စ္သူေတာ္ထားတာမဟုတ္ဘူးဆုိတဲ့အေၾကာင္းကုိ သင္ဇာဝင့္ေက်ာ္က MC ရဲ႕ အင္တာဗ်ဴးတစ္ခုမွာ အခုလုိပဲ ေျပာသြားခဲ့ပါတယ္။

သင္ဇာဝင့္ေက်ာ္က “ေျပာျပခြင့္႐ွိမလားဆုိေတာ့ အင္းေပါ့ အခုဒါတြဲျဖစ္ေနတဲ့ Relationship ေပါ့ေနာ္။ သင္ဇာ့ကုိ တကယ္ခ်စ္ရင္ နားလည္ေပးၾကမွာပါ။

ဘာျဖစ္လုိ႔လဲဆုိေတာ့ သင္ဇာလည္း အပ်ဳိပဲေလ ဘာပဲ ျဖစ္ျဖစ္ တစ္ခ်ိန္ခ်ိန္ၾကရင္ အိမ္ေထာင္ျပဳၾကရမွာပဲ ဒါေပမဲ့ အိမ္ေထာင္ျပဳတာ ဗမာလူမ်ိဴးပဲ ျဖစ္ျဖစ္ လူမ်ိဳးျခားပဲ ျဖစ္ျဖစ္ ကုိယ့္အေပၚတကယ္ေကာင္းၿပီးေတာ့ သစၥာ႐ွိႏုိင္တဲ့လူမ်ိဳးကုိပဲ သင္ဇာေရြးခ်ယ္မွာပဲ သူ႔ဘာသာသူ လူမည္းပဲ ျဖစ္ျဖစ္ လူျဖဴပဲ ျဖစ္ျဖစ္ အဓိကေတာ့ ကုိယ့္ကုိနားလည္ေပးၿပီး ကုိယ့္ကုိ တကယ္ခ်စ္တဲ့သူမ်ိဳးကုိပဲ ေရြးခ်ယ္ျဖစ္တာပါပဲ။

အျဖဴေကာင္မုိ႔လုိ႔လည္း ေရြးလုိက္တာ မဟုတ္ပါဘူး။ သူဒီကုိ ႏွစ္ခါလာေတြ႔ၿပီးမွ သူနဲ့ အရင္ဒိတ္ၾကည့္တယ္ သူကလည္း ကုိယ့္ကုိသေဘာက်တယ္ သင္ဇာၾကဳိက္တဲ့အခ်က္အလက္ေတြလည္း သူမွာ အကုန္ျပည့္စုံေနတဲ့အတြက္ေၾကာင့္ ေရြးခ်ယ္ၿပီး တြဲျဖစ္သြားတာပါ။

အသက္ကေတာ့ နည္းနည္းေတာ့ ႀကီးတယ္ ဒါေပမဲ့ ဘယ္လုိေျပာရမလဲ အရမ္းလည္း နားလည္မႈေပးတယ္ အလုပ္ကုိလည္း နားလည္တယ္။ ၿပီးရင္ဝါသနာလည္း တူတယ္။ သူက သင္ဇာ့အတြက္ Motivation ျဖစ္ေစတယ္။

သူ႔စိတ္ဓာတ္အေတြးအေခၚ သူ႔လုပ္ပုံကုိင္ပုံေတြ အဲ့လုိေတြေပါ့ အားကစားလုိက္စားမႈေတြ အဲ့လုိမ်ိဳးေတြ အားလုံးက သင္ဇာ့အတြက္ Motivation ျဖစ္ေစတယ္။

လူတစ္ေယာက္နဲ႔တြဲတယ္ဆုိရင္လည္း လူတစ္ေယာက္အတြက္ Plus ျဖစ္မယ့္ဟာမ်ိဳးကုိပဲ ေနာက္ပုိင္း ေရြးခ်ယ္ၿပီး တြဲျဖစ္တယ္ေပါ့ေနာ္။”လုိ႔ေျပာသြားခဲ့ပါတယ္။

အြန္လုိင္းမွာ ပ်ံ႕ေနတဲ့ ျမန္မာဝတ္စုံနဲ႔ ကေနတဲ့ Video နဲ ပတ္သက္ၿပီးေတာ့လည္း “သူ႔ကုိလက္ေဆာင္ေပးတာ ေမးလုိက္တယ္ လုံခ်ည္ဝတ္ခ်င္လားဆုိေတာ့ သူက ဝတ္ခ်င္တယ္တဲ့ အဲ့တာနဲ႔သူ႔ကုိ စတစ္ေကာ္လန္ေလးနဲ႔ လုံခ်ည္ေလးနဲ႔ေပးလုိက္တာေပါ့ေနာ္။

ဘာပဲျဖစ္ျဖစ္ ကုိယ္ေတြဗမာဝတ္စုံက ေယာက္်ားေလးဝတ္တဲ့ဟာက ဒီလုိမ်ိဳးပါလားဆုိတာ သူ႔ကုိလည္း သိသြားေစခ်င္တဲ့ သေဘာေလးေပါ့။ သူက အျမဲတမ္း သင္ဇာ့ကုိ ေပ်ာ္ေအာင္ထားတယ္ သင္ဇာ့ကုိရယ္ေအာင္ထားတယ္ အဲ့လုိမ်က္ခြက္အျမဲေျပာင္ေနတာ။ စိတ္ညစ္တယ္ဆုိရင္လည္း ေျပာင္ျပျပဴးျပ ေနေတာ့ေပ်ာ္ရပါတယ္ ဘာပဲျဖစ္ျဖစ္သူနဲ႔က အဲ့တုန္းကလည္း ဒီ Video ေလးကုိ အေပ်ာ္ေလး ႐ုိက္ျဖစ္သြားတာပါ။”လုိ႔ ေျပာသြားခဲ့ပါတယ္။ Credit – Bamakhit

==========

Unicode

ရုပ်ရှင်ကားတွေများစွာ ဗီဒီယိုကားတွေများစွာနဲ့ ပရိသတ်အားပေးမှုကို ရယူထားနိုင်သလို မြန်မာနိုင်ငံရဲ့ ပုရိသယောက်ျားတွေ မက်မောရလောက်တဲ့ မိန်းကလေးတွေလည်း အားကျရလောက် Sexy ကျတဲ့ အမိုက်စား ကိုယ်ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး ဝတ်စားဆင်ယင်ပုံကြောင့် ဝေဖန်ခံရမှု များနေတဲ့ မင်းသမီးသင်ဇာဝင့်ကျော်ကတော့ ပြီးခဲ့တဲ့ရက်တွေတုန်းက ပရိသတ်တွေကို လူမှုကွန်ရက်စာမျက်နှာမှာ အံ့အားသင့်စေမယ့် အရာတစ်ခုကို ပြုလုပ်ခဲ့ပါတယ်။

အဲ့တာကတော့ဘာလဲဆိုတော့ သူအခုလက်ရှိတွဲနေတဲ့ ချစ်သူနိုင်ငံခြားသားကို ချပြလိုက်တာပဲဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ လူဖြူမို့လို့ ချစ်သူတော်ထားတာမဟုတ်ဘူးဆိုတဲ့အကြောင်းကို သင်ဇာဝင့်ကျော်က MC ရဲ့ အင်တာဗျူးတစ်ခုမှာ အခုလိုပဲ ပြောသွားခဲ့ပါတယ်။

သင်ဇာဝင့်ကျော်က “ပြောပြခွင့်ရှိမလားဆိုတော့ အင်းပေါ့ အခုဒါတွဲဖြစ်နေတဲ့ Relationship ပေါ့နော်။ သင်ဇာ့ကို တကယ်ချစ်ရင် နားလည်ပေးကြမှာပါ။

ဘာဖြစ်လို့လဲဆိုတော့ သင်ဇာလည်း အပျိုပဲလေ ဘာပဲ ဖြစ်ဖြစ် တစ်ချိန်ချိန်ကြရင် အိမ်ထောင်ပြုကြရမှာပဲ ဒါပေမဲ့ အိမ်ထောင်ပြုတာ ဗမာလူမျိူးပဲ ဖြစ်ဖြစ် လူမျိုးခြားပဲ ဖြစ်ဖြစ် ကိုယ့်အပေါ်တကယ်ကောင်းပြီးတော့ သစ္စာရှိနိုင်တဲ့လူမျိုးကိုပဲ သင်ဇာရွေးချယ်မှာပဲ သူ့ဘာသာသူ လူမည်းပဲ ဖြစ်ဖြစ် လူဖြူပဲ ဖြစ်ဖြစ် အဓိကတော့ ကိုယ့်ကိုနားလည်ပေးပြီး ကိုယ့်ကို တကယ်ချစ်တဲ့သူမျိုးကိုပဲ ရွေးချယ်ဖြစ်တာပါပဲ။

အဖြူကောင်မို့လို့လည်း ရွေးလိုက်တာ မဟုတ်ပါဘူး။ သူဒီကို နှစ်ခါလာတွေ့ပြီးမှ သူနဲ့ အရင်ဒိတ်ကြည့်တယ် သူကလည်း ကိုယ့်ကိုသဘောကျတယ် သင်ဇာကြိုက်တဲ့အချက်အလက်တွေလည်း သူမှာ အကုန်ပြည့်စုံနေတဲ့အတွက်ကြောင့် ရွေးချယ်ပြီး တွဲဖြစ်သွားတာပါ။

အသက်ကတော့ နည်းနည်းတော့ ကြီးတယ် ဒါပေမဲ့ ဘယ်လိုပြောရမလဲ အရမ်းလည်း နားလည်မှုပေးတယ် အလုပ်ကိုလည်း နားလည်တယ်။ ပြီးရင်ဝါသနာလည်း တူတယ်။ သူက သင်ဇာ့အတွက် Motivation ဖြစ်စေတယ်။

သူ့စိတ်ဓာတ်အတွေးအခေါ် သူ့လုပ်ပုံကိုင်ပုံတွေ အဲ့လိုတွေပေါ့ အားကစားလိုက်စားမှုတွေ အဲ့လိုမျိုးတွေ အားလုံးက သင်ဇာ့အတွက် Motivation ဖြစ်စေတယ်။

လူတစ်ယောက်နဲ့တွဲတယ်ဆိုရင်လည်း လူတစ်ယောက်အတွက် Plus ဖြစ်မယ့်ဟာမျိုးကိုပဲ နောက်ပိုင်း ရွေးချယ်ပြီး တွဲဖြစ်တယ်ပေါ့နော်။”လို့ပြောသွားခဲ့ပါတယ်။

အွန်လိုင်းမှာ ပျံ့နေတဲ့ မြန်မာဝတ်စုံနဲ့ ကနေတဲ့ Video နဲ ပတ်သက်ပြီးတော့လည်း “သူ့ကိုလက်ဆောင်ပေးတာ မေးလိုက်တယ် လုံချည်ဝတ်ချင်လားဆိုတော့ သူက ဝတ်ချင်တယ်တဲ့ အဲ့တာနဲ့သူ့ကို စတစ်ကော်လန်လေးနဲ့ လုံချည်လေးနဲ့ပေးလိုက်တာပေါ့နော်။

ဘာပဲဖြစ်ဖြစ် ကိုယ်တွေဗမာဝတ်စုံက ယောက်ျားလေးဝတ်တဲ့ဟာက ဒီလိုမျိုးပါလားဆိုတာ သူ့ကိုလည်း သိသွားစေချင်တဲ့ သဘောလေးပေါ့။ သူက အမြဲတမ်း သင်ဇာ့ကို ပျော်အောင်ထားတယ် သင်ဇာ့ကိုရယ်အောင်ထားတယ် အဲ့လိုမျက်ခွက်အမြဲပြောင်နေတာ။ စိတ်ညစ်တယ်ဆိုရင်လည်း ပြောင်ပြပြူးပြ နေတော့ပျော်ရပါတယ် ဘာပဲဖြစ်ဖြစ်သူနဲ့က အဲ့တုန်းကလည်း ဒီ Video လေးကို အပျော်လေး ရိုက်ဖြစ်သွားတာပါ။”လို့ ပြောသွားခဲ့ပါတယ်။ Credit – Bamakhit

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.