ကိုယ့္ေရွ႕တည့္တည့္မွာ ကားေလးတစ္စီးထိုးရပ္လာျပီး ကားတံခါးဖြင့္ ဟိုၾကည့္ဒီၾကည့္လုပ္ျပီး ကားေပၚပါလာတဲ႔အထုတ္ကေလးအသာခ်…

အရင္ေန႔ေတြကအဲ႔လိုအထုတ္ေလးေတြဘယ္သူမွန္းမသိဘူးလာလာထားသြားတာ

အထုတ္ထဲမွာသရက္သီးအစိေတြ ၾကက္ေၾကာ္အရိုးေတြ ဒီေန႔ေတာ့မ်က္ျမင္မိပါျပီ။

ကိုယ့္ေရွ႕တည့္တည့္မွာကားေလးတစ္စီးထိုးရပ္လာျပီး ကားတံခါးဖြင့္ ဟိုၾကည့္ဒီၾကည့္လုပ္ျပီး ကားေပၚပါလာတဲ႔အမိႈက္ထုတ္ကေလးအသာခ် တံခါးေလးျပန္ပိတ္ျပီးခပ္တည္တည္လုပ္ေနတဲ႔စိတ္ဓာတ္ပ်က္စီးေနတဲ႔လူငယ္တစ္ဦးကို ပညာေပးအေနနဲ႔ သူ႔အမိႈက္ထုတ္ သူ႔ျပန္ေကာက္ခိုင္းလိုက္တာပါ။

ပထမကျငင္းၾကည့္ေသးတယ္ မင္းပစ္တာဓာတ္ပံုရိုက္ထားတယ္လို႔လည္းေျပာေရာ ဟုတ္ကဲ႔ဟုတ္ကဲ႔ ဆိုျပီးျပန္ေကာက္ပါတယ္။

ဘယ့္ႏွယ့္ပါလိမ့္ အျပင္ကကားနဲ႔လာ ကိုယ္စားေသာက္ထားတဲ႔အထုတ္က်ေတာ့သူမ်ားတိုက္ေရွ႕စြန္႔ပစ္တယ္ လူၾကည့္ေတာ့သန္႔သန္႔ျပန္႔ျပန္႔လူငယ္အရြယ္။ ဒီလိုစိတ္ဓာတ္ေအာက္တန္းက်ေနတဲ႔ေကာင္မ်ိဳးေတြတိုင္းျပည္မွာ ပြထေနတာျမင္မေကာင္းေတာ့ဘူး…။ ၾကည္လင္ေနတဲ႔မနက္ခင္းေလးေတာင္က်က္သေရေတာ္ေတာ္တံုးသြားတယ္… :/

ဘာရမလဲ အေဖကအမိႈက္ထုတ္ျပန္ေကာက္ခိုင္း သမီးကဗြီဒိုရိုက္ေပါ့ 😀

Source – Su Su Maung

=========

Unicode

အရင်နေ့တွေကအဲ့လိုအထုတ်လေးတွေဘယ်သူမှန်းမသိဘူးလာလာထားသွားတာ

အထုတ်ထဲမှာသရက်သီးအစိတွေ ကြက်ကြော်အရိုးတွေ ဒီနေ့တော့မျက်မြင်မိပါပြီ။

ကိုယ့်ရှေ့တည့်တည့်မှာကားလေးတစ်စီးထိုးရပ်လာပြီး ကားတံခါးဖွင့် ဟိုကြည့်ဒီကြည့်လုပ်ပြီး ကားပေါ်ပါလာတဲ့အမှိုက်ထုတ်ကလေးအသာချ တံခါးလေးပြန်ပိတ်ပြီးခပ်တည်တည်လုပ်နေတဲ့စိတ်ဓာတ်ပျက်စီးနေတဲ့လူငယ်တစ်ဦးကို ပညာပေးအနေနဲ့ သူ့အမှိုက်ထုတ် သူ့ပြန်ကောက်ခိုင်းလိုက်တာပါ။

ပထမကငြင်းကြည့်သေးတယ် မင်းပစ်တာဓာတ်ပုံရိုက်ထားတယ်လို့လည်းပြောရော ဟုတ်ကဲ့ဟုတ်ကဲ့ ဆိုပြီးပြန်ကောက်ပါတယ်။

ဘယ့်နှယ့်ပါလိမ့် အပြင်ကကားနဲ့လာ ကိုယ်စားသောက်ထားတဲ့အထုတ်ကျတော့သူများတိုက်ရှေ့စွန့်ပစ်တယ် လူကြည့်တော့သန့်သန့်ပြန့်ပြန့်လူငယ်အရွယ်။ ဒီလိုစိတ်ဓာတ်အောက်တန်းကျနေတဲ့ကောင်မျိုးတွေတိုင်းပြည်မှာ ပွထနေတာမြင်မကောင်းတော့ဘူး…။ ကြည်လင်နေတဲ့မနက်ခင်းလေးတောင်ကျက်သရေတော်တော်တုံးသွားတယ်… :/

ဘာရမလဲ အဖေကအမှိုက်ထုတ်ပြန်ကောက်ခိုင်း သမီးကဗွီဒိုရိုက်ပေါ့ 😀

Source – Su Su Maung

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.