ဓာတ္အားခ ႏႈန္းထားမ်ား မၾကာခင္ တိုးျမႇင့္ ေကာက္ခံေတာ့မည္

ေနျပည္ေတာ္၊ ေမလ ၉ ။ ။ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈမွ ေန႔စဥ္ ၁.၅ဘီလီယံခန႔္ ႏိုင္ငံေတာ္မွ စိုက္ထုတ္သုံးစြဲေနရသည့္အတြက္ မၾကာခင္ ကာလအတြင္း ဓာတ္အားခ ႏႈန္းထားမ်ားကို တိုးျမႇင့္ေကာက္ခံေတာ့မည္ျဖစ္ေၾကာင္း လွ်ပ္စစ္ ႏွင့္ စြမ္းအင္ဝန္ႀကီးဌာနမွ အၿမဲတမ္းအတြင္းဝန္ ဦးတင္ေမာင္ဦးက ေျပာၾကားသည္။

“ဒီဓာတ္အားခ စနစ္နဲ႔သာဆိုရင္ ခုမီးမရဘူး Generator ေတြမရွိဘူးဆိုတာ IPP ေခၚတဲ့ Independent Power Producer ေတြကလည္းမလာပါဘူး။ ဘာလို႔ မလာလဲဆိုေတာ့ ဓာတ္အားခေပးတဲ့ အခါမွာ ၃၅က်ပ္ ၊ ၅၀၊ ၇၅ စက္မႈဆိုရင္ ဒီလိုႏႈန္းနဲ႔ပဲ ကြၽန္ေတာ္တို႔ သူတို႔ေတာင္းတဲ့ ၁၅ဝတို႔ ၂ဝဝတို႔ မေပးႏိုင္တဲ့ အတြက္ IPPေတြကလည္း အဆင္မေျပပါဘူး။ မေျပတဲ့ အခါ ကြၽန္ေတ္ာတို႔က ဒီအေပၚမွာ ရႈံးတာလည္းရွိတဲ့အတြက္ ဓာတ္အားခကို မျဖစ္မေန ျပဳျပင္ေျပာင္းလဲဖို႔ လိုအပ္လာပါတယ္”ဟု ၄င္းကေျပာၾကားသည္။

ျပန္ၾကားေရးဝန္ႀကီးဌာနတြင္ ေမလ ၉ရက္က က်င္းပျပဳလုပ္သည့္ ႏိုင္ငံေတာ္အစိုးရ၏ ျပည္သူ႔အတြက္ တတိယ တစ္ႏွစ္တာကာလအတြင္း ေဆာင္႐ြက္ခဲ့မႈမ်ားႏွင့္ပတ္သတ္ၿပီး သတင္းစာရွင္းလင္းပြဲတြင္ အထက္ပါအတိုင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေျပာင္းလဲေကာက္ခံမည့္ ႏႈန္းထားအသစ္ကို သိရွိရျခင္းမရွိေသးေသာ္လည္း ႏိုင္ငံေတာ္အႀကီးအကဲမ်ားထံမွ မူအရ သေဘာတူလက္ခံထားၿပီးျဖစ္ေၾကာင္း ဦးတင္ေမာင္ဦးက ဆက္လက္ေျပာၾကားခဲ့သည္။

“အဲ့ေတာ့ ဒီဟာနဲ႔ ပတ္သက္ၿပီးေတာ့ အတိအက်ေတာ့ မေျပာႏိုင္ေသးပါဘူး။ မူအရေတာ့ ႏိုင္ငံေတာ္ အႀကီးအကဲေတြက မူအရေတာ့ လက္ခံထားပါတယ္။ အဲ့ေတာ့ မၾကာခင္မွာေတာ့ ဒီဟာ ဓာတ္အားခ ျပဳျပင္ေျပာင္းလဲမႈကို ေဆာင္႐ြက္မယ္။ ေဆာင္႐ြက္ႏိုင္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။ ခုေလာေလာဆယ္ေတာ့ ကြၽန္ေတ္ာတို႔က ဘက္ဂ်က္ကာလကလည္း ေျပာင္းသြားၿပီ။ စက္တင္ဘာဆိုေတာ့ အဲ့ဒီအတြက္လည္း ကြၽန္ေတာ္တို႔ ခ်င့္ခ်ိန္ေနပါတယ္။မၾကာခင္မွာ တရားဝင္ထုတ္ျပန္ၿပီးေတာ့ ေၾကညာသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ထားပါတယ္”ဟု ၄င္းကဆက္လက္ေျပာၾကားသည္။

ယခုႏွစ္ေႏြရာသီတြင္ တစ္ႏိုင္ငံလုံးအပူခ်ိန္ျမင့္မားခဲ့ေသာေၾကာင့္ လွ်ပ္စစ္ဓာတ္အားကို ပိုမိုသုံးစြဲလာၾကၿပီး လွ်ပ္စစ္ဝန္အားေလ်ာ့ခ်သည့္စနစ္ျဖင့္ ျဖန႔္ျဖဴးေပးလွ်က္ရွိေၾကာင္း အဆိုပါစနစ္ကို ယခုႏွစ္ ဇြန္လခန႔္အထိ လုပ္ေဆာင္ေနရမည္ျဖစ္ေၾကာင္း သိရသည္။

ထိုကဲ့သို႔ ႏႈန္းထားကို ေျပာင္းလဲေကာက္ခံမည္ဆိုပါက မီးရရွိထားေသာ ေနရာမ်ားတြင္ ၂၄နာရီမီးဖြင့္ထားျခင္း၊ TVမ်ားကို မၾကည့္ပဲ ဖြင့္ထားျခင္းတို႔ကို လုပ္ေဆာင္ျခင္းမ်ားကို ေလ်ာ့ခ်လာမည္ျဖစ္ၿပီး ဝန္အားေလ်ာ့ကာ ေပးရသည့္ အဆင့္မ်ား သက္သာသြားမည္ျဖစ္ေၾကာင္း ဦးတင္ေမာင္ဦးက ေျပာၾကားခဲ့သည္။

လာမည့္ႏွစ္ေႏြရာသီတြင္ ယခုကဲသို႔ ဓာတ္အားျပတ္ေတာက္ျခင္းမ်ိဳး ေလ်ာ့ခ်ရန္အတြက္ လွ်ပ္စစ္ဓာတ္အား စုစုေပါင္း ၁၄၀၀ မဂၢါဝပ္ခန႔္ ထြက္ရွိမည့္ Power Berth ပါရွိမည့္ သေဘၤာႀကီးမ်ားျဖင့္ ဓာတ္အား ျဖန႔္ျဖဴးရန္ ပင္လယ္ဆိပ္ကမ္းႏွင့္ အနီးဆုံး ၿမိဳ႕ ၈ ၿမိဳ႕တြင္ လုပ္ေဆာင္သြားရန္စီစဥ္ေဆာင္႐ြက္လ်က္ရွိေနေၾကာင္း ၄င္းက ဆက္လက္ေျပာၾကားခဲ့သည္။

“ေရအားလွ်ပ္စစ္ဆိုတာလည္း ၈ႏွစ္ေလာက္လုပ္ရပါတယ္။ Gas တာဘိုင္တစ္ခုကို ေက်ာက္မီးေသြးလို လုပ္ရမယ္ဆိုရင္ ၃ႏွစ္ ဆိုတာ အနည္းဆုံးလုပ္ရပါတယ္။ အဲ့ေတာ့ Gas အင္ဂ်င္ေတြကို Power Berth ေတြနဲ႔ အျမန္ ပင္လယ္ဆိပ္ကမ္းၿမိဳ႕ေတြမွာ အနီးဆုံးၿမိဳ႕ေနရာေတြမွာ အဲ့ဒီေနရာေတြကေန ရပ္ၿပီးေတာ့ တစ္ခါတည္း သူ႔အေပၚမွာ အကုန္ပါၿပီးသားပါ။ ထရန္စေဖာ္မာလည္း ပါၿပီးသားပါ။ လိုင္းခြဲ႐ုံကို ခ်ိတ္ဆက္တဲ့ နည္းနဲ႔ အျမန္ဆုံး ေပးတဲ့ ဟာကို တင္ဒါေခၚဖို႔ အဲ့တာကို စတင္ေဆာင္႐ြက္ေနပါတယ္။ လာမယ့္ႏွစ္အမွီေပါ့”ဟု ၄င္းကေျပာၾကားခဲ့သည္။ ref – Mizzima

========

Unicode

နေပြည်တော်၊ မေလ ၉ ။ ။ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုမှ နေ့စဉ် ၁.၅ဘီလီယံခန့် နိုင်ငံတော်မှ စိုက်ထုတ်သုံးစွဲနေရသည့်အတွက် မကြာခင် ကာလအတွင်း ဓာတ်အားခ နှုန်းထားများကို တိုးမြှင့်ကောက်ခံတော့မည်ဖြစ်ကြောင်း လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန် ဦးတင်မောင်ဦးက ပြောကြားသည်။

“ဒီဓာတ်အားခ စနစ်နဲ့သာဆိုရင် ခုမီးမရဘူး Generator တွေမရှိဘူးဆိုတာ IPP ခေါ်တဲ့ Independent Power Producer တွေကလည်းမလာပါဘူး။ ဘာလို့ မလာလဲဆိုတော့ ဓာတ်အားခပေးတဲ့ အခါမှာ ၃၅ကျပ် ၊ ၅၀၊ ၇၅ စက်မှုဆိုရင် ဒီလိုနှုန်းနဲ့ပဲ ကျွန်တော်တို့ သူတို့တောင်းတဲ့ ၁၅ဝတို့ ၂ဝဝတို့ မပေးနိုင်တဲ့ အတွက် IPPတွေကလည်း အဆင်မပြေပါဘူး။ မပြေတဲ့ အခါ ကျွန်တေ်ာတို့က ဒီအပေါ်မှာ ရှုံးတာလည်းရှိတဲ့အတွက် ဓာတ်အားခကို မဖြစ်မနေ ပြုပြင်ပြောင်းလဲဖို့ လိုအပ်လာပါတယ်”ဟု ၎င်းကပြောကြားသည်။

ပြန်ကြားရေးဝန်ကြီးဌာနတွင် မေလ ၉ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် တတိယ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့်ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲတွင် အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ပြောင်းလဲကောက်ခံမည့် နှုန်းထားအသစ်ကို သိရှိရခြင်းမရှိသေးသော်လည်း နိုင်ငံတော်အကြီးအကဲများထံမှ မူအရ သဘောတူလက်ခံထားပြီးဖြစ်ကြောင်း ဦးတင်မောင်ဦးက ဆက်လက်ပြောကြားခဲ့သည်။

“အဲ့တော့ ဒီဟာနဲ့ ပတ်သက်ပြီးတော့ အတိအကျတော့ မပြောနိုင်သေးပါဘူး။ မူအရတော့ နိုင်ငံတော် အကြီးအကဲတွေက မူအရတော့ လက်ခံထားပါတယ်။ အဲ့တော့ မကြာခင်မှာတော့ ဒီဟာ ဓာတ်အားခ ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်မယ်။ ဆောင်ရွက်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ခုလောလောဆယ်တော့ ကျွန်တေ်ာတို့က ဘက်ဂျက်ကာလကလည်း ပြောင်းသွားပြီ။ စက်တင်ဘာဆိုတော့ အဲ့ဒီအတွက်လည်း ကျွန်တော်တို့ ချင့်ချိန်နေပါတယ်။မကြာခင်မှာ တရားဝင်ထုတ်ပြန်ပြီးတော့ ကြေညာသွားနိုင်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု ၎င်းကဆက်လက်ပြောကြားသည်။

ယခုနှစ်နွေရာသီတွင် တစ်နိုင်ငံလုံးအပူချိန်မြင့်မားခဲ့သောကြောင့် လျှပ်စစ်ဓာတ်အားကို ပိုမိုသုံးစွဲလာကြပြီး လျှပ်စစ်ဝန်အားလျော့ချသည့်စနစ်ဖြင့် ဖြန့်ဖြူးပေးလျှက်ရှိကြောင်း အဆိုပါစနစ်ကို ယခုနှစ် ဇွန်လခန့်အထိ လုပ်ဆောင်နေရမည်ဖြစ်ကြောင်း သိရသည်။

ထိုကဲ့သို့ နှုန်းထားကို ပြောင်းလဲကောက်ခံမည်ဆိုပါက မီးရရှိထားသော နေရာများတွင် ၂၄နာရီမီးဖွင့်ထားခြင်း၊ TVများကို မကြည့်ပဲ ဖွင့်ထားခြင်းတို့ကို လုပ်ဆောင်ခြင်းများကို လျော့ချလာမည်ဖြစ်ပြီး ဝန်အားလျော့ကာ ပေးရသည့် အဆင့်များ သက်သာသွားမည်ဖြစ်ကြောင်း ဦးတင်မောင်ဦးက ပြောကြားခဲ့သည်။

လာမည့်နှစ်နွေရာသီတွင် ယခုကဲသို့ ဓာတ်အားပြတ်တောက်ခြင်းမျိုး လျော့ချရန်အတွက် လျှပ်စစ်ဓာတ်အား စုစုပေါင်း ၁၄၀၀ မဂ္ဂါဝပ်ခန့် ထွက်ရှိမည့် Power Berth ပါရှိမည့် သင်္ဘောကြီးများဖြင့် ဓာတ်အား ဖြန့်ဖြူးရန် ပင်လယ်ဆိပ်ကမ်းနှင့် အနီးဆုံး မြို့ ၈ မြို့တွင် လုပ်ဆောင်သွားရန်စီစဉ်ဆောင်ရွက်လျက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

“ရေအားလျှပ်စစ်ဆိုတာလည်း ၈နှစ်လောက်လုပ်ရပါတယ်။ Gas တာဘိုင်တစ်ခုကို ကျောက်မီးသွေးလို လုပ်ရမယ်ဆိုရင် ၃နှစ် ဆိုတာ အနည်းဆုံးလုပ်ရပါတယ်။ အဲ့တော့ Gas အင်ဂျင်တွေကို Power Berth တွေနဲ့ အမြန် ပင်လယ်ဆိပ်ကမ်းမြို့တွေမှာ အနီးဆုံးမြို့နေရာတွေမှာ အဲ့ဒီနေရာတွေကနေ ရပ်ပြီးတော့ တစ်ခါတည်း သူ့အပေါ်မှာ အကုန်ပါပြီးသားပါ။ ထရန်စဖော်မာလည်း ပါပြီးသားပါ။ လိုင်းခွဲရုံကို ချိတ်ဆက်တဲ့ နည်းနဲ့ အမြန်ဆုံး ပေးတဲ့ ဟာကို တင်ဒါခေါ်ဖို့ အဲ့တာကို စတင်ဆောင်ရွက်နေပါတယ်။ လာမယ့်နှစ်အမှီပေါ့”ဟု ၎င်းကပြောကြားခဲ့သည်။ ref – Mizzima