လယ္ကြက္ေရးေျမာင္းထဲတြင္ လူတစ္ဦးအား ရက္ရက္စက္စက္ သတ္ျဖတ္ထား

ေတာင္ငူျမိဳ႕ ေျမာက္ဘက္ ဧက ၅၀၀ စံျပစိုက္ခင္းလယ္ကြက္ေရးေျမာင္းထဲတြင္ လူတစ္ဦးအား ရက္ရက္စက္စက္ သတ္ျဖတ္ထား

ေတာင္ငူ ေမ ၈

ေတာင္ငူျမိဳ႕နယ္ မဟင္ေက်းရြာအုပ္စု I ႏွစ္ေဆာင္ျပိဳင္ရြာ ေတာင္ဘက္ ဧက ၅၀၀ စိုက္ခင္း လယ္ကြက္ ေရေျမာင္းအတြင္း လူတစ္ဦးဓားဒဏ္ရာမ်ားျဖင့္ေသဆုးံေနေျကာင္းသိရသည္။

ေတာင္ငူျမိဳနယ္ ရန္ကုန္ – မႏၲေလး လမ္းေဟာင္း မိုင္တိုင္ ၁၆၃ / ၂ / ၃ အျကား မဟင္ေက်းရြာအုပ္စု I ႏွစ္ေဆာင္ျပိဳင္ေကၽးရြာ၏ ေတာင္ဘက္ ( ၁) မိုင္ခြဲ ခန္႕အကြာ ဧက ( ၅၀၀) စံျပလယ္ကြက္အတြင္းရွိ လယ္ေရေျမာင္းအတြင္းတြင္ ေမလ ၈ ရက္ နံနက္ ၁၂ နာရီ ၁၅ မီးနစ္အခ်ိန္တြင္ ဦးဝင္းျမင့္ (၄၂) ႏွစ္ I (ဘ) ဦးဘိုျကီး ေတာင္ငူျမိဳ႕နယ္ ေနပူကုန္းေနသူသည္ ရင္ဘတ္အတြင္း ထိုးသြင္းဒဏ္ရာ I (၁၄) ခ်က္ I ေက်ာတြင္ ထိုးသြင္းဒဏ္ရာ (၄)ခ်က္ I မ်က္ႏွာျပတ္ခ်ဒဏ္ရာ (၂)ခ်က္ႏွင့္ လည္ပင္းတြင္ ျပတ္ခ် ဒဏ္ရာ (၁) ခ်က္ I ပါးစပ္တြင္ ငယ္ပါ လီွးျဖတ္ကာ ထည့္ထားလ်ွက္ ပက္လက္အေနအထားျဖင့္ ေသဆုးံေနေျကာင္း ရဲမွတ္တမ္းမ်ားအရသိရသည္။

အဆိုပါျဖစ္စဥ္ႏွင့္ ပက္သက္၍ ေသဆုးံသူ ဦးဝင္းျမင့္ ၏ ၫီမျဖစ္သူ မဥမၼာ (ဘ) ဦးဘိုျကီး ေနပူကုန္းေက်းရြာ ေနသူမွ တရားလိုလုပ္ တိုင္တန္းလာသျဖင့္ ေတာင္ငူျမိဳ႕နယ္ က်ြန္းကုန္း နယ္ေျမ ရဲစခန္းတြင္ (ပ)၁၇၂ /၂၀၁၉ အမႈျကီးအမွတ္ ၁/ ၂၀၁၉ ရာဇသတ္ျကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ စစ္လ်ွက္ရွိျပီး တရားခံ ဖမ္းမိေရးအတြက္ စုံစမ္းေဆာင္ရြက္လ်က္ရွိေျကာင္း က်ြန္းကုန္း နယ္ေျမ ရဲစခန္းမွ သိရပါတယ္။

ေနလင္းေအာင္ ( ေတာင္ငူ )

8.5.2019

=========

Unicode

တောင်ငူမြို့ မြောက်ဘက် ဧက ၅၀၀ စံပြစိုက်ခင်းလယ်ကွက်ရေးမြောင်းထဲတွင် လူတစ်ဦးအား ရက်ရက်စက်စက် သတ်ဖြတ်ထား

တောင်ငူ မေ ၈

တောင်ငူမြို့နယ် မဟင်ကျေးရွာအုပ်စု I နှစ်ဆောင်ပြိုင်ရွာ တောင်ဘက် ဧက ၅၀၀ စိုက်ခင်း လယ်ကွက် ရေမြောင်းအတွင်း လူတစ်ဦးဓားဒဏ်ရာများဖြင့်သေဆုးံနေကြောင်းသိရသည်။

တောင်ငူမြိုနယ် ရန်ကုန် – မန္တလေး လမ်းဟောင်း မိုင်တိုင် ၁၆၃ / ၂ / ၃ အကြား မဟင်ကျေးရွာအုပ်စု I နှစ်ဆောင်ပြိုင်ကျေးရွာ၏ တောင်ဘက် ( ၁) မိုင်ခွဲ ခန့်အကွာ ဧက ( ၅၀၀) စံပြလယ်ကွက်အတွင်းရှိ လယ်ရေမြောင်းအတွင်းတွင် မေလ ၈ ရက် နံနက် ၁၂ နာရီ ၁၅ မီးနစ်အချိန်တွင် ဦးဝင်းမြင့် (၄၂) နှစ် I (ဘ) ဦးဘိုကြီး တောင်ငူမြို့နယ် နေပူကုန်းနေသူသည် ရင်ဘတ်အတွင်း ထိုးသွင်းဒဏ်ရာ I (၁၄) ချက် I ကျောတွင် ထိုးသွင်းဒဏ်ရာ (၄)ချက် I မျက်နှာပြတ်ချဒဏ်ရာ (၂)ချက်နှင့် လည်ပင်းတွင် ပြတ်ချ ဒဏ်ရာ (၁) ချက် I ပါးစပ်တွင် ငယ်ပါ လှီးဖြတ်ကာ ထည့်ထားလျှက် ပက်လက်အနေအထားဖြင့် သေဆုးံနေကြောင်း ရဲမှတ်တမ်းများအရသိရသည်။

အဆိုပါဖြစ်စဉ်နှင့် ပက်သက်၍ သေဆုးံသူ ဦးဝင်းမြင့် ၏ ညီမဖြစ်သူ မဥမ္မာ (ဘ) ဦးဘိုကြီး နေပူကုန်းကျေးရွာ နေသူမှ တရားလိုလုပ် တိုင်တန်းလာသဖြင့် တောင်ငူမြို့နယ် ကျွန်းကုန်း နယ်မြေ ရဲစခန်းတွင် (ပ)၁၇၂ /၂၀၁၉ အမှုကြီးအမှတ် ၁/ ၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့် စစ်လျှက်ရှိပြီး တရားခံ ဖမ်းမိရေးအတွက် စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း ကျွန်းကုန်း နယ်မြေ ရဲစခန်းမှ သိရပါတယ်။

နေလင်းအောင် ( တောင်ငူ )

8.5.2019