မိတီၳလာကန္ေဘး ပ်ံလြန္ေတာ္မူေနတဲ့ ဘုန္းႀကီးတပါး

မိတီၳလာကန္ေဘးတြင္ ဘုန္းႀကီးတပါး ပ်ံလြန္ေတာ္မူ

မႏၲေလးတိုင္း၊ မိတီၳလာၿမိဳ႕ သာစည္-မိတီၳလာကားလမ္းအနီး မိတီၳလာကန္ေဘးမွာ ေမလ ၇ရက္ မနက္က ဘုန္းႀကီးတပါး ပ်ံလြန္ေတာ္မူေနတာကို ေတြ႕ရတယ္လုိ႔ မိတီၳလာၿမိဳ႕မရဲစခန္းက ေျပာပါတယ္။

မိတီၳလာကန္ေဘး ဆိုင္းဘုတ္ေတာင္ဘက္ ခ်ဴံပင္ေတြအၾကားမွာ အသက္ ၅၀ ႏွစ္ခန္႔ရွိ မယ္လုိ႔ ခန္႔မွန္းရတဲ့ ဘုန္းႀကီးတပါး ပက္လက္ အေနအထားနဲ႔ ပ်ံလြန္ေတာ္မူေနတာျဖစ္ၿပီး ဘြဲ႔အမည္ ဘုန္းႀကီးေက်ာင္းအမည္ကေတာ့ မသိရေသးဘဲ ရဲတပ္ဖြဲ႔က စုံစမ္းေနဆဲ ျဖစ္ပါတယ္။

မိတီၳလာၿမိဳ႕မရဲစခန္းဒုရဲအုပ္သက္ပိုင္စုိးက”ျပင္ပဒဏ္ရာ မေတြ႔ရပါဘူး။ ဒီမွာက အေတာ္ပူတာဆိုေတာ့ ကန္ေဘးမွာ ေလညင္းခံ ေနပူေရွာင္ရင္း ပ်ံလြန္ေတာ္မူတယ္ ထင္ပါတယ္ ဘြဲ႔နဲ႔ေက်ာင္းကုိေတာ့ စုံစမ္းေနဆဲပါ” လုိ႔ ဒီဗီြဘီကုိ ေျပာပါတယ္။

မိတီၳလာၿမိဳ႕မရဲစခန္းကေတာ့ ဘုန္းေတာ္ႀကီး ပ်ံလြန္ေတာ္မူတာဟာ ဓမၼတာအတိုင္း ဟုတ္မဟုတ္ စုံစမ္းစစ္ေဆးဖို႔ ေသမႈေသခင္း အမႈ ဖြင့္ထားပါတယ္။ Ref – DVB

========

Unicode

မိတ္ထီလာကန်ဘေးတွင် ဘုန်းကြီးတပါး ပျံလွန်တော်မူ

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ သာစည်-မိတ္ထီလာကားလမ်းအနီး မိတ္ထီလာကန်ဘေးမှာ မေလ ၇ရက် မနက်က ဘုန်းကြီးတပါး ပျံလွန်တော်မူနေတာကို တွေ့ရတယ်လို့ မိတ္ထီလာမြို့မရဲစခန်းက ပြောပါတယ်။

မိတ္ထီလာကန်ဘေး ဆိုင်းဘုတ်တောင်ဘက် ချူံပင်တွေအကြားမှာ အသက် ၅၀ နှစ်ခန့်ရှိ မယ်လို့ ခန့်မှန်းရတဲ့ ဘုန်းကြီးတပါး ပက်လက် အနေအထားနဲ့ ပျံလွန်တော်မူနေတာဖြစ်ပြီး ဘွဲ့အမည် ဘုန်းကြီးကျောင်းအမည်ကတော့ မသိရသေးဘဲ ရဲတပ်ဖွဲ့က စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မိတ္ထီလာမြို့မရဲစခန်းဒုရဲအုပ်သက်ပိုင်စိုးက”ပြင်ပဒဏ်ရာ မတွေ့ရပါဘူး။ ဒီမှာက အတော်ပူတာဆိုတော့ ကန်ဘေးမှာ လေညင်းခံ နေပူရှောင်ရင်း ပျံလွန်တော်မူတယ် ထင်ပါတယ် ဘွဲ့နဲ့ကျောင်းကိုတော့ စုံစမ်းနေဆဲပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

မိတ္ထီလာမြို့မရဲစခန်းကတော့ ဘုန်းတော်ကြီး ပျံလွန်တော်မူတာဟာ ဓမ္မတာအတိုင်း ဟုတ်မဟုတ် စုံစမ်းစစ်ဆေးဖို့ သေမှုသေခင်း အမှု ဖွင့်ထားပါတယ်။ Ref – DVB

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.