အင္းစိန္ေထာင္ေရွ႕တြင္ လြတ္ၿငိမ္းရရွိသူမ်ားကို လာႀကိဳသူတစ္ဦး ဖမ္းဆီးခံရ

အင္းစိန္အက်ဥ္းေထာင္ေရွ႕တြင္ ယေန႔(ေမလ ၇ ရက္)က လြတ္ၿငိမ္းသက္သာခြင့္ရရွိခဲ့သူမ်ားကို လာႀကိဳသူ ဖမ္းဆီးခံခဲ့ရေၾကာင္း သိရသည္။

အဆိုပါဖမ္းဆီးခံရသူမွာ ကိုေဇာ္ႀကီးဆိုသူျဖစ္ၿပီး ၎ကို ေန႔လယ္ ၁၂ နာရီ ၁၅ မိနစ္ခန္႔က အင္းစိန္အက်ဥ္းေထာင္ေရွ႕တြင္ ရဲတပ္ဖြဲ႔မွ ဖမ္းဆီးသြားျခင္းျဖစ္ေၾကာင္း သိရသည္။

“ကေလးစစ္သား ေအာင္ကိုေထြးကိစၥမွာတုန္းက သူအပါအဝင္ ၄ ေယာက္က ေျခဥစာအုပ္ကိုနင္းခဲ့တဲ့အတြက္ ၅၀၅(ခ)ရယ္ ပုဒ္မ-၇ ရယ္နဲ႔ ၿပီးခဲ့တဲ့ ၂၀၁၈ ခုႏွစ္ ၁ လပိုင္းက အမႈဖြင့္ထားတာ ရွိခဲ့ဖူးတယ္။ အဲဒီအတြက္ေၾကာင့္ ဖမ္းသြားတာထင္တယ္။ ဘယ္ရဲစခန္းကေန ဖမ္းသြားသလဲဆိုတာကိုေတာ့ ေသခ်ာမသိရေသးဘူး” ဟု အခင္းျဖစ္ပြားခ်ိန္၌ရွိေနေသာ ႏိုင္ငံေရးတက္ၾကြလႈပ္ရွားသူ ေဒၚေလးေလးက အကုန္သိသတင္းဌာနသို႔ ေျပာသည္။

ႏိုင္ငံေတာ္သမၼတ၏လြတ္ၿငိမ္းသက္သာခြင့္ျဖင့္ အင္းစိန္အက်ဥ္းေထာင္မွလြတ္ေျမာက္ခဲ့သူမ်ားမွာ အမ်ဳိးသား ၃၁၄ ဦးႏွင့္ အမ်ဳိးသမီး ၄၈ ဦးတို႔ျဖစ္ၿပီး ယင္းတို႔မွာ မူးယစ္ေဆးဝါးမႈျဖင့္ ေထာင္က်ေနသူမ်ားျဖစ္ေၾကာင္း သိရသည္။ Ref – Akonthi

=========

Unicode

အင်းစိန်အကျဉ်းထောင်ရှေ့တွင် ယနေ့(မေလ ၇ ရက်)က လွတ်ငြိမ်းသက်သာခွင့်ရရှိခဲ့သူများကို လာကြိုသူ ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

အဆိုပါဖမ်းဆီးခံရသူမှာ ကိုဇော်ကြီးဆိုသူဖြစ်ပြီး ၎င်းကို နေ့လယ် ၁၂ နာရီ ၁၅ မိနစ်ခန့်က အင်းစိန်အကျဉ်းထောင်ရှေ့တွင် ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

“ကလေးစစ်သား အောင်ကိုထွေးကိစ္စမှာတုန်းက သူအပါအဝင် ၄ ယောက်က ခြေဥစာအုပ်ကိုနင်းခဲ့တဲ့အတွက် ၅၀၅(ခ)ရယ် ပုဒ်မ-၇ ရယ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ် ၁ လပိုင်းက အမှုဖွင့်ထားတာ ရှိခဲ့ဖူးတယ်။ အဲဒီအတွက်ကြောင့် ဖမ်းသွားတာထင်တယ်။ ဘယ်ရဲစခန်းကနေ ဖမ်းသွားသလဲဆိုတာကိုတော့ သေချာမသိရသေးဘူး” ဟု အခင်းဖြစ်ပွားချိန်၌ရှိနေသော နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ဒေါ်လေးလေးက အကုန်သိသတင်းဌာနသို့ ပြောသည်။

နိုင်ငံတော်သမ္မတ၏လွတ်ငြိမ်းသက်သာခွင့်ဖြင့် အင်းစိန်အကျဉ်းထောင်မှလွတ်မြောက်ခဲ့သူများမှာ အမျိုးသား ၃၁၄ ဦးနှင့် အမျိုးသမီး ၄၈ ဦးတို့ဖြစ်ပြီး ယင်းတို့မှာ မူးယစ်ဆေးဝါးမှုဖြင့် ထောင်ကျနေသူများဖြစ်ကြောင်း သိရသည်။ Ref – Akonthi