စိတ္က်န္းမာေရးမေကာင္းလို႔ သံႀကိဳးခ်ည္ထားရတဲ့ မိန္းကေလးကို မုဒိန္းက်င့္ဖို႔ႀကံစည္

စိတ္ က်န္းမာေရးေၾကာင္႔ အိမ္မွာသံၾကိဳးခ်ည္ထားသူမိန္းကေလးကုိ အဓမၼျပဳက်င့္ရန္ၾကံတဲ႔ေဘးအိမ္မွ လူကုိ ရပ္ကြက္မွ ၀ိုင္းဖမ္း

စိတ္က်န္းမာေရး မေကာင္း၍ ေနအိမ္တြင္းမွာသံျကိဳးခ်ည္ထားသူအမ်ိဳးသမီးကို အဓမၼျပဳက်င့္ရန္ၾကံစည္ေသာေဘးအိမ္မွ အမ်ိဳးသား ကိုဖမ္းဆီးအမႈဖြင့္ . .ေရႊျပည္သာ ေမလ ၅ ရက္

ေရႊႊျပည္သာျမိဳ႕နယ္ ဘုံရွည္ကုန္းရပ္ကြက္တြင္ ျခံခ်င္းကပ္လ်ွက္ ေနထိုင္ျပီး စိတ္က်န္းမာေရးမေကာင္းသည္႕ အသက္၂၀အရြယ္ အမ်ိဳးသမီးအား အဓမၼျပဳက်င့္ရန္ ျကံစည္ အားထုတ္သူအမ်ိဳးသား ကို ဖမ္းဆီးအမႈဖြင့္စစ္ေဆးေန ေျကာင္း ေဒသခံမ်ားထံမွသိရသည္။

ျဖစ္စဥ္မွာ —ေရႊျပည္သာျမိဳ႕နယ္ ဘုံရွည္ကုန္းရပ္ကြက္ ဝါးရံုျမိဳင္လမ္း အမွတ္၈/၅၈ ေန ဦးေက်ာ္ေက်ာ္သြင္၏သမီးျဖစ္ျပီး စိတ္က်န္းမာေရး မေကာင္းသူ မ— ၂၀ ႏွစ္ သည္ ေမ၁ရက္ေန႕နံနက္၉နာရီခ်ိန္ခန္႔ က ေနအိမ္ေရွ႕ခန္း တြင္ရွိေနစဥ္ ျခံခ်င္းကပ္လ်ွက္ ေဘးအ္ိမ္မွ

ဦးျမင့္သိန္းဦး (၄၈)ႏွစ္ သည္ ေနာက္ေဖးေပါက္မွေရာက္ရွိလားျပီး မေအးမြန္ေက်ာ္ကို အဓမၼျပဳက်င့္ရန္ျကံစည္ခဲ့၍ ဖခင္ျဖစ္သူက ေရႊျပည္သာ ေလွာ္ကားနယ္ေျမရဲစခန္းသို႕ အမႈဖြင့္တိုင္တန္းျခင္း ျဖစ္ေျကာင္းတိုင္တန္းခ်က္အရသိရသည္။

သမီးကစိတ္က်န္းမာေရးမေကာင္းလို႕ အိမ္ထဲမွာပုခက္နဲ႔သံျကိဳး ခ်ည္ထားတာပါ ဒါကို လာျပီးလုပ္တာပါ ျပစ္မႈက်ဴးလြန္သူက ေဘးအိမ္ကပါ ျမင္တဲ႕သူက မခင္ျမတ္မြန္ေထြး အသက္(၁၂)ႏွစ္ (၄)တန္းေက်ာင္းသူ က်ြန္ေတာ့သမီးအငယ္ပါ

သူကအိမ္ေရွ႕ မွာကစားေနတုန္း သူအမ ေအးမြန္ေက်ာ္အိမ္ထဲကေန ေအာ္သံျကား လို႔ အိမ္ထဲျပန္ေျပးဝင္ျကည့္တာ အမျဖစ္သူေဘာင္းဘီက်ြတ္ေနတယ္ ျမင့္သိန္းဦးက ပုဆိုးကြင္းသိုင္းနဲ႕ေတြ႔ရတယ္တဲ့ သမီးက ျမင့္သိန္းဦး ကို ငါ့အစ္မကိုဘာလုပ္တာလည္း ေအာ္ေျပာျပီး အျပင္ထြက္ကာေဘးလူေတြကို ေအာ္ဟစ္အကုူအညီေတာင္းျပီး ဖမ္းလိုက္ျကတာပါ။

က်ြန္ေတာ္လည္းေန႕ခ်င္းပဲအမႈဖြင့္ိလိုက္တယ္ အမႈစစ္ကစခန္းမွဴးကိုယ္တိုင္ပါ။ ပုဒ္မက (၃၇၆ /၅၁၁)ပါ။ဟုတရားလိုျဖစ္သူ မ–၏ဖခင္ ဦးေက်ာ္ေက်ာ္သြင္ကေျပာသည္။

ယင္းအမႈအား ေရႊျပည္သာေလွာ္ကားရဲစခန္းမွ ေရႊျပည္သာျမိဳ႕နယ္ ဝါးရံုျမိဳင္လမ္း ၈/၅၇ ဦးေထြးတင္၏ သားျဖစ္သူ ျမင့္သိန္းဦးအားရာဇသတ္ျကီး ဥပေဒပုဒ္မ ၃၇၆/၅၁၁တို႕ျဖင့္အမႈဖြင့္စစ္ေဆးလ်ွက္ရွိသည္။

ေမလ ၂ ရက္က အင္းစိန္ေဆးရံုမွာေဆးစစ္ထားတယ္ ေရႊျပည္သာတရားရံုးမွာ ခ်ဳပ္ရက္ရီမန္ ၂ပတ္ ယူျပီးစစ္ေဆးေနပါတယ္ တရားစြဲတင္နိုင္ေရးေဆာင္ရြက္ေနပါတယ္ ဟု ေရႊျပည္သာေလွာ္ကားနယ္ေျမ ရဲစခန္းမွ စခန္းမွဴး ရဲအုပ္ စိန္ေအာင္ကေျပာသည္။ကိုကိုခိုင္(ေရႊျပည္သာ) Crd-ေရႊျမင့္ဦး

========

Unicode

စိတ် ကျန်းမာရေးကြောင့် အိမ်မှာသံကြိုးချည်ထားသူမိန်းကလေးကို အဓမ္မပြုကျင့်ရန်ကြံတဲ့ဘေးအိမ်မှ လူကို ရပ်ကွက်မှ ဝိုင်းဖမ်း

စိတ်ကျန်းမာရေး မကောင်း၍ နေအိမ်တွင်းမှာသံကြိုးချည်ထားသူအမျိုးသမီးကို အဓမ္မပြုကျင့်ရန်ကြံစည်သောဘေးအိမ်မှ အမျိုးသား ကိုဖမ်းဆီးအမှုဖွင့် . .ရွှေပြည်သာ မေလ ၅ ရက်

ရွှွှေပြည်သာမြို့နယ် ဘုံရှည်ကုန်းရပ်ကွက်တွင် ခြံချင်းကပ်လျှက် နေထိုင်ပြီး စိတ်ကျန်းမာရေးမကောင်းသည့် အသက်၂၀အရွယ် အမျိုးသမီးအား အဓမ္မပြုကျင့်ရန် ကြံစည် အားထုတ်သူအမျိုးသား ကို ဖမ်းဆီးအမှုဖွင့်စစ်ဆေးနေ ကြောင်း ဒေသခံများထံမှသိရသည်။

ဖြစ်စဉ်မှာ —ရွှေပြည်သာမြို့နယ် ဘုံရှည်ကုန်းရပ်ကွက် ဝါးရုံမြိုင်လမ်း အမှတ်၈/၅၈ နေ ဦးကျော်ကျော်သွင်၏သမီးဖြစ်ပြီး စိတ်ကျန်းမာရေး မကောင်းသူ မ— ၂၀ နှစ် သည် မေ၁ရက်နေ့နံနက်၉နာရီချိန်ခန့် က နေအိမ်ရှေ့ခန်း တွင်ရှိနေစဉ် ခြံချင်းကပ်လျှက် ဘေးအိမ်မှ

ဦးမြင့်သိန်းဦး (၄၈)နှစ် သည် နောက်ဖေးပေါက်မှရောက်ရှိလားပြီး မအေးမွန်ကျော်ကို အဓမ္မပြုကျင့်ရန်ကြံစည်ခဲ့၍ ဖခင်ဖြစ်သူက ရွှေပြည်သာ လှော်ကားနယ်မြေရဲစခန်းသို့ အမှုဖွင့်တိုင်တန်းခြင်း ဖြစ်ကြောင်းတိုင်တန်းချက်အရသိရသည်။

သမီးကစိတ်ကျန်းမာရေးမကောင်းလို့ အိမ်ထဲမှာပုခက်နဲ့သံကြိုး ချည်ထားတာပါ ဒါကို လာပြီးလုပ်တာပါ ပြစ်မှုကျူးလွန်သူက ဘေးအိမ်ကပါ မြင်တဲ့သူက မခင်မြတ်မွန်ထွေး အသက်(၁၂)နှစ် (၄)တန်းကျောင်းသူ ကျွန်တော့သမီးအငယ်ပါ

သူကအိမ်ရှေ့ မှာကစားနေတုန်း သူအမ အေးမွန်ကျော်အိမ်ထဲကနေ အော်သံကြား လို့ အိမ်ထဲပြန်ပြေးဝင်ကြည့်တာ အမဖြစ်သူဘောင်းဘီကျွတ်နေတယ် မြင့်သိန်းဦးက ပုဆိုးကွင်းသိုင်းနဲ့တွေ့ရတယ်တဲ့ သမီးက မြင့်သိန်းဦး ကို ငါ့အစ်မကိုဘာလုပ်တာလည်း အော်ပြောပြီး အပြင်ထွက်ကာဘေးလူတွေကို အော်ဟစ်အကုူအညီတောင်းပြီး ဖမ်းလိုက်ကြတာပါ။

ကျွန်တော်လည်းနေ့ချင်းပဲအမှုဖွင့ိလိုက်တယ် အမှုစစ်ကစခန်းမှူးကိုယ်တိုင်ပါ။ ပုဒ်မက (၃၇၆ /၅၁၁)ပါ။ဟုတရားလိုဖြစ်သူ မ–၏ဖခင် ဦးကျော်ကျော်သွင်ကပြောသည်။

ယင်းအမှုအား ရွှေပြည်သာလှော်ကားရဲစခန်းမှ ရွှေပြည်သာမြို့နယ် ဝါးရုံမြိုင်လမ်း ၈/၅၇ ဦးထွေးတင်၏ သားဖြစ်သူ မြင့်သိန်းဦးအားရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆/၅၁၁တို့ဖြင့်အမှုဖွင့်စစ်ဆေးလျှက်ရှိသည်။

မေလ ၂ ရက်က အင်းစိန်ဆေးရုံမှာဆေးစစ်ထားတယ် ရွှေပြည်သာတရားရုံးမှာ ချုပ်ရက်ရီမန် ၂ပတ် ယူပြီးစစ်ဆေးနေပါတယ် တရားစွဲတင်နိုင်ရေးဆောင်ရွက်နေပါတယ် ဟု ရွှေပြည်သာလှော်ကားနယ်မြေ ရဲစခန်းမှ စခန်းမှူး ရဲအုပ် စိန်အောင်ကပြောသည်။ကိုကိုခိုင်(ရွှေပြည်သာ) Crd-ရွှေမြင့်ဦး