ၿမိဳ႕ေရွာင္လမ္းေပၚ ႏွစ္ရက္အၾကာ ရပ္ထားသည့္ ကားေပၚမွ အမ်ဳိးသားအေလာင္းေတြ႕

မုံရြာၿမိဳ႕ အုိးဘုိေတာင္ရပ္ကြက္ ၿမိဳ႕ေရွာင္လမ္းေပၚ ႏွစ္ရက္အၾကာ ရပ္ထားသည့္ ကားေပၚမွ ေမလ ၄ ရက္ ေန႔ခင္းပုိင္းက အမ်ဳိးသားအေလာင္းေတြ႕ရွိခဲ႔ေၾကာင္း မုံရြာၿမိဳ႕မရဲစခန္းမွ သိရသည္။

“ကားေမာင္းတဲ႔ေနရာမွာပဲ ငုတ္တုတ္ထုိင္လ်က္ ေသေနတာ။ အနံ႕ကေတာ့ ကားတံခါးဖြင့္လုိက္တာနဲ႔လႈိင္လုိ႔။ မူးလဲမတတ္ပဲ။ သူက ကားေဘးခ် အဲယားကြန္းဖြင့္ၿပီး အိပ္တဲ႔ပုံပဲ။ ကားက ဆီတစက္မွ မရွိေတာ့ဘူး” ဟု မုံရြာၿမိဳ႕မစခန္းမွဴး ရဲအုပ္လွဳိင္ဘြားကုိကုိက ေျပာသည္။

ေသဆုံးသူမွာ မုံရြာၿမိဳ႕ ေအးသာယာရပ္ကြက္တြင္ေနထုိင္သည့္ အသက္ ၂၇ ႏွစ္အရြယ္ရွိ ေက်ာ္သူေအာင္ ဆုိသူ ျဖစ္ၿပီး ေသဆုံးရျခင္း အေၾကာင္းအရင္းအား ေဆး႐ုံတြင္ စစ္ေဆးလ်က္ရွိေၾကာင္း ရဲတပ္ဖြဲ႕က ဆုိသည္။

ေမ ၃ ရက္ေန႔ ညေနပုိင္းကလည္း ကူတုိ႔ကုန္းရပ္ကြက္ ျပည္ေထာင္စုလမ္းေဘးရွိ ေရေျမာင္းအတြင္းမွ အမ်ဳိးသားအေလာင္းတစ္ေလာင္း ေတြ႔ရွိခဲ႔သည္။

========

Unicode

မုံရွာမြို့ အိုးဘိုတောင်ရပ်ကွက် မြို့ရှောင်လမ်းပေါ် နှစ်ရက်အကြာ ရပ်ထားသည့် ကားပေါ်မှ မေလ ၄ ရက် နေ့ခင်းပိုင်းက အမျိုးသားအလောင်းတွေ့ရှိခဲ့ကြောင်း မုံရွာမြို့မရဲစခန်းမှ သိရသည်။

“ကားမောင်းတဲ့နေရာမှာပဲ ငုတ်တုတ်ထိုင်လျက် သေနေတာ။ အနံ့ကတော့ ကားတံခါးဖွင့်လိုက်တာနဲ့လှိုင်လို့။ မူးလဲမတတ်ပဲ။ သူက ကားဘေးချ အဲယားကွန်းဖွင့်ပြီး အိပ်တဲ့ပုံပဲ။ ကားက ဆီတစက်မှ မရှိတော့ဘူး” ဟု မုံရွာမြို့မစခန်းမှူး ရဲအုပ်လှိုင်ဘွားကိုကိုက ပြောသည်။

သေဆုံးသူမှာ မုံရွာမြို့ အေးသာယာရပ်ကွက်တွင်နေထိုင်သည့် အသက် ၂၇ နှစ်အရွယ်ရှိ ကျော်သူအောင် ဆိုသူ ဖြစ်ပြီး သေဆုံးရခြင်း အကြောင်းအရင်းအား ဆေးရုံတွင် စစ်ဆေးလျက်ရှိကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

မေ ၃ ရက်နေ့ ညနေပိုင်းကလည်း ကူတို့ကုန်းရပ်ကွက် ပြည်ထောင်စုလမ်းဘေးရှိ ရေမြောင်းအတွင်းမှ အမျိုးသားအလောင်းတစ်လောင်း တွေ့ရှိခဲ့သည်။

Medialann is your news, entertainment, music fashion website. We provide you with the latest breaking news and videos straight from the entertainment industry.