ျမျမ ဝိညာဥ္ထပ္ပူးလွ်င္ ဘယ္သူ႕ကိုတရားစြဲမွာလဲေမးၿပီ၊ ဝိညာဥ္ကိုလား အပူးခံရသူကိုလား

ျမျမ ဝိညာဥ္ထပ္ပူးလွ်င္ ဘယ္သူ႕ကိုတရားစြဲမွာလဲ၊ ဝိညာဥ္ကိုလား အပူးခံရသူကိုလားဟု ဇာျခည္လြင္ ေမး

ရန္ကုန္တိုင္းေဒသႀကီး၊ ေတာင္ဒဂံုၿမိဳ႕နယ္ ေက်ာက္စိမ္းဖိနပ္စက္႐ံုမွ တာဝန္ရွိသူမ်ားႏွင့္ တိုင္းရဲတပ္ဖြဲ႕မွျပဳလုပ္ သည့္ သတင္းစာရွင္းလင္းပြဲတြင္ အသတ္ခံရသူျမျမ၏ဝိညာဥ္ ထပ္မံဝင္ေရာက္ အပူးကပ္ခံရသည္ဟုဆိုပါက တရားစြဲဆို သြားမည္ဟုေျပာၾကားခဲ့ျခင္းအေပၚ ပူးကပ္ခံရသူကိုတရားစြဲမွာလား၊ ဝိညာဥ္ကို တရားစြဲမွာလားဟု ပထမဆံုးအႀကိမ္ ျမျမဝင္ေရာက္ပူးကပ္ခံရသူ မဇာျခည္လြင္က ေမးခြန္းထုတ္လိုက္သည္။

ေက်ာက္စိမ္းဖိနပ္စက္႐ံုမွ အလုပ္သမားအမ်ဳိးသမီးႏွစ္ဦးကို ျမျမဆိုသူ၏ ဝိညာဥ္ကဝင္ပူးကာ သူမအဓမၼျပဳက်င့္ခံရေၾကာင္း ေျပာၾကားမႈႏွင့္ပတ္သက္ၿပီး လူမႈကြန္ရက္စာမ်က္ႏွာမ်ားတြင္ ပ်ံ႕ႏွံ႕ေနကာ ျမျမ(ခ)သီတာေအးသည္ ေက်ာက္စိမ္းဖိနပ္စက္႐ံုတြင္ အမွန္တကယ္မရွိသည့္အတြက္ အဆိုပါဝိညာဥ္ဝင္ပူးသည္ဟု ထပ္မံျဖစ္ေပၚပါက အလုပ္ရွင္၊ အလုပ္သမား (EC) အရ အေရးယူသြားမည္ျဖစ္ ေၾကာင္း ေက်ာက္စိမ္းဖိနပ္စက္႐ံု၏ HR မန္ေနဂ်ာ ကိုေဇာ္ေဇာ္ေအာင္က ဧၿပီ ၃ဝ ရက္တြင္ ေျပာၾကားခဲ့သည္။

”ေရွ႕ဆက္ၿပီး ဘယ္လိုပံုစံျဖစ္လာ မယ္ဆိုတာေတာ့ မခန္႔မွန္းႏိုင္ဘူးေပါ့။ သူဝင္ပူးလို႔ရလို႔ ကြၽန္မပဲျဖစ္ျဖစ္၊ ေနာက္တေယာက္ပဲျဖစ္ျဖစ္ ဝင္ပူးလာခဲ့ရင္ ဒါကြၽန္မတို႔ ကံတရားျဖစ္သြားၿပီ။ ညီမတို႔ ျမျမဝင္ပူးပါလို႔ ဖိတ္ေခၚထားတာလည္း မဟုတ္ဘူး။ သူကဝင္ပူးလို႔ရေနရင္ ဝင္ပူးဦးမွာပဲ။ ဒါကိုမယံုလို႔မရသလို ယံုလို႔လည္း မရဘူး။ ပူးသြားခဲ့ရင္ ကြၽန္မတို႔လည္း မတတ္ႏိုင္ဘူးေလ။ သူတို႔က ဘယ္သူ႕ကို တရားစြဲမွာလဲ၊ ဝင္ပူးတဲ့သူကိုလား၊ သရဲ ကိုတရားစြဲမွာလား”ဟု ပထမဆံုးအႀကိမ္ ျမျမဝင္ေရာက္ပူးကပ္ခံရသူ မဇာျခည္လြင္ က News Watch သို႔ေျပာသည္။

ေတာင္ဒဂံုၿမိဳ႕နယ္ (၁ဝ၇)ရပ္ကြက္တြင္ ႏွစ္ဆန္း(၁)ရက္ေန႔က အႏၱရာယ္ကင္း ပရိတ္ရြတ္ေနစဥ္ အမ်ဳိးသမီးငယ္တဦးကို ဝိညာဥ္ဝင္ပူးကပ္၍ ၎အား ေမြ႕ရာစက္႐ံု မွ ဝန္ထမ္း ၃ ဦးက အဓမၼက်င့္လူသတ္ အေလာင္းေဖ်ာက္ခဲ့သည္ဟု ေျပာဆိုခဲ့ၿပီးေနာက္ ဧၿပီ ၂ဝ ရက္တြင္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ႏွင့္ ရာအိမ္မွဴးတို႔၏ အကူအညီေတာင္းခံမႈအရ အေလာင္းျမႇဳပ္ထားသည့္ေနရာကို ေဖာ္ထုတ္ရန္ ဒုတိယအႀကိမ္ ဝင္ေရာက္ ပူးကပ္ခဲ့ကာ ဧၿပီ ၂၃ ရက္ မြန္းလြဲ ၁ နာရီေက်ာ္ခန္႔က ေက်ာက္စိမ္းဖိနပ္စက္႐ံုအတြင္းရွိ အျခား ဝန္ထမ္းတဦးအား ျမျမဝိညာဥ္က ထပ္မံပူးကပ္ခဲ့သည္ဟု ဆိုပါသည္။

ယင္းျဖစ္စဥ္ႏွင့္ပတ္သက္ၿပီး ဝိညာဥ္ဝင္ေရာက္ပူးကပ္ခံရသူ အမ်ဳိးသမီးႏွစ္ဦးမွာ လုပ္ငန္းခြင္ဝင္ေရာက္ရာတြင္ ခြဲျခားဆက္ဆံခံရမႈမ်ားရွိေနသည္။ ျမျမဝိညာဥ္ပူးကပ္ျခင္းမွာ လုပ္ႀကံဖန္တီးခဲ့ျခင္းမဟုတ္ဘဲ အမွန္တကယ္ ဝင္ေရာက္ပူးကပ္ျခင္းျဖစ္ၿပီး ျမျမဝိညာဥ္မွာ အမွန္တကယ္ရွိေနသည္ဟု ယံုၾကည္ေၾကာင္း ျမျမဝိညာဥ္ပူးကပ္ခံရသူ အမ်ဳိးသမီးႏွစ္ဦးက ေျပာသည္။

”ျမျမဝင္ပူးခံရတာ ဟုတ္လား၊ မဟုတ္လားဆိုတာ ကြၽန္မမိသားစုသိတယ္။ ကြၽန္မလမ္းထဲက လမ္းသြားလမ္း လာေတြသိတယ္။ ကိုယ့္ကိုယ္ကိုယ္သိတယ္။ လုပ္ႀကံဖန္တီးထားတာမဟုတ္ဘူး။ အခုက လက္ဆုပ္လက္ကိုင္ျပစရာမွ မရွိတာ။ ဒါေပမဲ့ ညီမ မ႐ူးေသးဘူး။ ဒုတိယအႀကိမ္ ျမျမဝင္ပူးၿပီး သူ႕ကိုေတြ႕တယ္ဆို တာ ဒါပထမဆံုးအႀကိမ္ပဲ။ အိမ္ေရွ႕နားေလးမွာ လက္အုပ္ကေလးခ်ီၿပီးေတာ့ တကိုယ္လံုးေသြးသံတရဲရဲနဲ႔ ဆံပင္က ေက်ာေလာက္ရွိတယ္။ ကူညီပါ ကူညီပါလို႔ ေျပာေနတာ။ သူက အဲလိုေျပာတာ ကြၽန္မ နားထဲမွာၾကားေနရတယ္”ဟု မဇာျခည္လြင္က ေျပာသည္။

မျမျမဝိညာဥ္ဝင္ပူးသည္ဟုဆိုကာ မဇာျခည္လြင္ေျပာဆိုခဲ့သည့္ အေလာင္းျမႇဳပ္ႏွံထားသည္ဆိုသည့္ေနရာ ပတ္ဝန္းက်င္ႏွင့္ ျမျမေနထိုင္သည္ဆိုသည့္ အေဆာင္၊ ဧရာဝတီ ငသိုင္းေခ်ာင္းတြင္ေနထိုင္သည့္ ျမျမမိဘမ်ားကို တိုင္းရဲတပ္ ဖြဲ႕ႏွင့္ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ဝင္မ်ားပူးေပါင္း၍ လိုက္လံရွာေဖြစံုစမ္းခဲ့ေသာ္လည္း ဘာမွ် မေတြ႕ရွိခဲ့ရေပ။

ယင္းသို႔ ျမျမဝင္ေရာက္ပူးကပ္ျခင္းႏွင့္ သူမအား အမ်ဳိးသားသံုးဦးမွ အဓမၼျပဳ က်င့္အေလာင္းေဖ်ာက္ခဲ့သည္ဆိုျခင္းကို ေက်ာက္စိမ္းဖိနပ္စက္႐ံုဝန္ထမ္းတခ်ဳိ႕ႏွင့္ ေတာင္ဒဂံု ၁ဝ၇ ရပ္ကြက္တြင္ေနထိုင္သူမ်ားကမူ ယံုၾကည္ဆဲျဖစ္ၿပီး တကယ့္အျဖစ္မွန္ေပၚေပါက္ရန္ ပူးေပါင္းေဖာ္ထုတ္ သြားမည္ျဖစ္ေၾကာင္း ေတာင္ဒဂံု ၁ဝ၇ ရပ္ကြက္ေနသူမ်ားက ေျပာၾကားသည္။ Ref – News Watch

==========

Unicode

မြမြ ဝိညာဉ်ထပ်ပူးလျှင် ဘယ်သူ့ကိုတရားစွဲမှာလဲ၊ ဝိညာဉ်ကိုလား အပူးခံရသူကိုလားဟု ဇာခြည်လွင် မေး

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ် ကျောက်စိမ်းဖိနပ်စက်ရုံမှ တာဝန်ရှိသူများနှင့် တိုင်းရဲတပ်ဖွဲ့မှပြုလုပ် သည့် သတင်းစာရှင်းလင်းပွဲတွင် အသတ်ခံရသူမြမြ၏ဝိညာဉ် ထပ်မံဝင်ရောက် အပူးကပ်ခံရသည်ဟုဆိုပါက တရားစွဲဆို သွားမည်ဟုပြောကြားခဲ့ခြင်းအပေါ် ပူးကပ်ခံရသူကိုတရားစွဲမှာလား၊ ဝိညာဉ်ကို တရားစွဲမှာလားဟု ပထမဆုံးအကြိမ် မြမြဝင်ရောက်ပူးကပ်ခံရသူ မဇာခြည်လွင်က မေးခွန်းထုတ်လိုက်သည်။

ကျောက်စိမ်းဖိနပ်စက်ရုံမှ အလုပ်သမားအမျိုးသမီးနှစ်ဦးကို မြမြဆိုသူ၏ ဝိညာဉ်ကဝင်ပူးကာ သူမအဓမ္မပြုကျင့်ခံရကြောင်း ပြောကြားမှုနှင့်ပတ်သက်ပြီး လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေကာ မြမြ(ခ)သီတာအေးသည် ကျောက်စိမ်းဖိနပ်စက်ရုံတွင် အမှန်တကယ်မရှိသည့်အတွက် အဆိုပါဝိညာဉ်ဝင်ပူးသည်ဟု ထပ်မံဖြစ်ပေါ်ပါက အလုပ်ရှင်၊ အလုပ်သမား (EC) အရ အရေးယူသွားမည်ဖြစ် ကြောင်း ကျောက်စိမ်းဖိနပ်စက်ရုံ၏ HR မန်နေဂျာ ကိုဇော်ဇော်အောင်က ဧပြီ ၃ဝ ရက်တွင် ပြောကြားခဲ့သည်။

”ရှေ့ဆက်ပြီး ဘယ်လိုပုံစံဖြစ်လာ မယ်ဆိုတာတော့ မခန့်မှန်းနိုင်ဘူးပေါ့။ သူဝင်ပူးလို့ရလို့ ကျွန်မပဲဖြစ်ဖြစ်၊ နောက်တယောက်ပဲဖြစ်ဖြစ် ဝင်ပူးလာခဲ့ရင် ဒါကျွန်မတို့ ကံတရားဖြစ်သွားပြီ။ ညီမတို့ မြမြဝင်ပူးပါလို့ ဖိတ်ခေါ်ထားတာလည်း မဟုတ်ဘူး။ သူကဝင်ပူးလို့ရနေရင် ဝင်ပူးဦးမှာပဲ။ ဒါကိုမယုံလို့မရသလို ယုံလို့လည်း မရဘူး။ ပူးသွားခဲ့ရင် ကျွန်မတို့လည်း မတတ်နိုင်ဘူးလေ။ သူတို့က ဘယ်သူ့ကို တရားစွဲမှာလဲ၊ ဝင်ပူးတဲ့သူကိုလား၊ သရဲ ကိုတရားစွဲမှာလား”ဟု ပထမဆုံးအကြိမ် မြမြဝင်ရောက်ပူးကပ်ခံရသူ မဇာခြည်လွင် က News Watch သို့ပြောသည်။

တောင်ဒဂုံမြို့နယ် (၁ဝ၇)ရပ်ကွက်တွင် နှစ်ဆန်း(၁)ရက်နေ့က အန္တရာယ်ကင်း ပရိတ်ရွတ်နေစဉ် အမျိုးသမီးငယ်တဦးကို ဝိညာဉ်ဝင်ပူးကပ်၍ ၎င်းအား မွေ့ရာစက်ရုံ မှ ဝန်ထမ်း ၃ ဦးက အဓမ္မကျင့်လူသတ် အလောင်းဖျောက်ခဲ့သည်ဟု ပြောဆိုခဲ့ပြီးနောက် ဧပြီ ၂ဝ ရက်တွင် မြို့နယ်ရဲတပ်ဖွဲ့နှင့် ရာအိမ်မှူးတို့၏ အကူအညီတောင်းခံမှုအရ အလောင်းမြှုပ်ထားသည့်နေရာကို ဖော်ထုတ်ရန် ဒုတိယအကြိမ် ဝင်ရောက် ပူးကပ်ခဲ့ကာ ဧပြီ ၂၃ ရက် မွန်းလွဲ ၁ နာရီကျော်ခန့်က ကျောက်စိမ်းဖိနပ်စက်ရုံအတွင်းရှိ အခြား ဝန်ထမ်းတဦးအား မြမြဝိညာဉ်က ထပ်မံပူးကပ်ခဲ့သည်ဟု ဆိုပါသည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ဝိညာဉ်ဝင်ရောက်ပူးကပ်ခံရသူ အမျိုးသမီးနှစ်ဦးမှာ လုပ်ငန်းခွင်ဝင်ရောက်ရာတွင် ခွဲခြားဆက်ဆံခံရမှုများရှိနေသည်။ မြမြဝိညာဉ်ပူးကပ်ခြင်းမှာ လုပ်ကြံဖန်တီးခဲ့ခြင်းမဟုတ်ဘဲ အမှန်တကယ် ဝင်ရောက်ပူးကပ်ခြင်းဖြစ်ပြီး မြမြဝိညာဉ်မှာ အမှန်တကယ်ရှိနေသည်ဟု ယုံကြည်ကြောင်း မြမြဝိညာဉ်ပူးကပ်ခံရသူ အမျိုးသမီးနှစ်ဦးက ပြောသည်။

”မြမြဝင်ပူးခံရတာ ဟုတ်လား၊ မဟုတ်လားဆိုတာ ကျွန်မမိသားစုသိတယ်။ ကျွန်မလမ်းထဲက လမ်းသွားလမ်း လာတွေသိတယ်။ ကိုယ့်ကိုယ်ကိုယ်သိတယ်။ လုပ်ကြံဖန်တီးထားတာမဟုတ်ဘူး။ အခုက လက်ဆုပ်လက်ကိုင်ပြစရာမှ မရှိတာ။ ဒါပေမဲ့ ညီမ မရူးသေးဘူး။ ဒုတိယအကြိမ် မြမြဝင်ပူးပြီး သူ့ကိုတွေ့တယ်ဆို တာ ဒါပထမဆုံးအကြိမ်ပဲ။ အိမ်ရှေ့နားလေးမှာ လက်အုပ်ကလေးချီပြီးတော့ တကိုယ်လုံးသွေးသံတရဲရဲနဲ့ ဆံပင်က ကျောလောက်ရှိတယ်။ ကူညီပါ ကူညီပါလို့ ပြောနေတာ။ သူက အဲလိုပြောတာ ကျွန်မ နားထဲမှာကြားနေရတယ်”ဟု မဇာခြည်လွင်က ပြောသည်။

မမြမြဝိညာဉ်ဝင်ပူးသည်ဟုဆိုကာ မဇာခြည်လွင်ပြောဆိုခဲ့သည့် အလောင်းမြှုပ်နှံထားသည်ဆိုသည့်နေရာ ပတ်ဝန်းကျင်နှင့် မြမြနေထိုင်သည်ဆိုသည့် အဆောင်၊ ဧရာဝတီ ငသိုင်းချောင်းတွင်နေထိုင်သည့် မြမြမိဘများကို တိုင်းရဲတပ် ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ လိုက်လံရှာဖွေစုံစမ်းခဲ့သော်လည်း ဘာမျှ မတွေ့ရှိခဲ့ရပေ။

ယင်းသို့ မြမြဝင်ရောက်ပူးကပ်ခြင်းနှင့် သူမအား အမျိုးသားသုံးဦးမှ အဓမ္မပြု ကျင့်အလောင်းဖျောက်ခဲ့သည်ဆိုခြင်းကို ကျောက်စိမ်းဖိနပ်စက်ရုံဝန်ထမ်းတချို့နှင့် တောင်ဒဂုံ ၁ဝ၇ ရပ်ကွက်တွင်နေထိုင်သူများကမူ ယုံကြည်ဆဲဖြစ်ပြီး တကယ့်အဖြစ်မှန်ပေါ်ပေါက်ရန် ပူးပေါင်းဖော်ထုတ် သွားမည်ဖြစ်ကြောင်း တောင်ဒဂုံ ၁ဝ၇ ရပ်ကွက်နေသူများက ပြောကြားသည်။ Ref – News Watch