ဖာနီမုန်တိုင်းအိန္ဒိယမှာ မွှေနေပြီ




Ref——Times of India

=========

Unicode

အလွန်အလွန်အားကောင်းသောဆိုင်ကလုန်းမုန်တိုင်း ဖာနီ(Fani)သည် မေလ ၃ ရက်နံနက်တွင် အိန္ဒိယနိုင်ငံ သြရိသပြည်နယ်ကမ်းခြေ ပူရီ (Puri)မြို့အနီးမှဖြတ်ကျော်ဝင်ရောက်ခဲ့ရာ လူတစ်သန်းကျော်အားလုံခြုံစိတ်ချဘေးကင်းရာနေရာများသို့ရွှေ့ပြောင်းပေးခဲ့ရကြောင်းသိရသည်။

ဒေသအတွင်းရထားလမ်း၊ကားလမ်းနှင့်လေကြောင်းပို့ဆောင်မှုများရပ်ဆိုင်းထားရပြီးဆေးဘက်ဆိုင်ရာနှင့်သဘာဝဘေးကယ်ဆယ်ရေးအသင်းများကိုအသင့်ပြင်ထားကြောင်းသိရသည်။

ဖာနီမုန်တိုင်းကကမ်းခြေကိုဖြတ်ကျော်ချိန်တွင် တစ်နာရီလျှင်လေတိုက်နှုန်း ကီလိုမီတာ ၂၀ဝ ကျော်နှုန်းရှိကြောင်းသိရသည်။မုန်တိုင်း စက်ကွင်းအတွင်းသြရိသပြည်နယ်ရှိကျေးရွာ ၁၀,ဝ၀ဝ ခန့်နှင့်မြို့ ၅၂ မြို့တို့ကျရောက်နေကြောင်းသိရသည်။

Ref——Times of India