

===============










တစ်ကယ်တော့ Fb မှာ နှစ်ယောက်တွဲတင်ရမှာအချစ်စစ်ဖြစ်လာတာ မဟုတ်ပါဘူး အဲဒါတွေအဘိုးအဘွားတွေလက်ထက်မှာဘာမှမရှိခဲ့လို့ ညီမတို့ လူဖြစ်လာတာပါ

စဉ်းစားတွေးခေါ်တတ်မှ ဘဝကအဓိပ္ပာယ်ရှိသလိုထိန်းသိမ်းသင့်တာကို ထိန်းသိမ်းမှအဲဒီဘဝကပိုတန်ဖိုးရှိတယ်


အချစ်စစ်က နှလုံးသားမှာပဲရှိပါတယ်သစ္စာတရားက အသိဥာဏ်မှာ ခို ဝင်ပါတယ်fb မှာ ရှိနေတာ မဟုတ်ပါဘူး ညီမငယ်



FB သုံးနေတဲ့ ညီမငယ်လေးများ အမှန်တရားကိုထွေးပိုက်ရင်း အနာဂါတ်မှာ အပြစ်ကင်းစွာနဲ့ ကမ္ဘာကိုကိုင်လှုပ်မယ့် ပုခတ်လွှဲသော မိခင်လောင်းများဖြစ်ကြပါစေ

===============



မူရင်း # Credit

==============

#သတိရှိပါညီမငယ်လေးတို့ရေ

===============

လက်မထပ်ရသေးဘဲနဲ့ fb မှာ ကိုယ့်ချစ်သူပုံနဲ့နှစ်ယောက်တွဲတင်ခြင်းက ဓားသွားထက်မှာလမ်းလျှောက်နေရတာနဲ့တူတယ် ညီမငယ်

တစ်ကယ်လို့သာ ကံကြမ္မာကလှည့်စားသွားခဲ့ရင် ပထမဆုံးထိရှမှာက ဘယ်သူလို့ထင်လဲ? ကိုယ့်နှလုံးသားတွေမဟုတ်ဘူးမာနနဲ့ သိက္ခာတွေပါ ညီမငယ်

နှလုံးသားတွေ နာမကျန်းဖြစ်တာကတိတ်တဆိတ်လေးငိုကြွေးလို့ရတယ်ဂုဏ်သိက္ခာတွေ နာမကျန်းဖြစ်ရင်ပတ်ဝန်းကျင်ရဲ့ တံတွေးခွက်မှာပက်လက်မျောနေရမှာ ညီမ မိသားစုပါ

ချစ်တာကိုလက်ခံပါတယ် ဒါပေမယ့်နားလည်မှုဆိုတဲ့အလွှာလေးတစ်ခုခြားရုံနဲ့ လမ်းခွဲသွားကြသူတွေကမျက်စိရှေ့မှာတင် တစ်ပုံကြီးပါ ညီမငယ်

အထူးသဖြင့် ဆယ်ကျော်သက်ရွယ် ညီမလေးများကို ပိုပြီး သတိပေးချင်တာပါ

ချစ်တတ်စမှာ ရှေ့နောက်မမြင်ဘဲအပျော်လွန်ပြီး နှစ်ယောက်ပုံတွေ လက်မထပ်ရသေးခင်တင်ကြလေ့ရှိတယ်ချစ်​သူနှစ်​​ယောက်​ (သဟဇာတ)အဆင်မပြေဖြစ်​သည့်​အခါမဆုံဖြစ်ခဲ့ရင် ပထမဆုံး နစ်နာမှာကမိန်းကလေးသာလျှင်ဖြစ်ပြီး..

နောက်တစ်ယောက်နဲ့ချစ်တဲ့အခါ..အချစ်စစ်နဲ့တွေ့တဲ့အခါအရိပ်မည်းကြီးအဖြစ် ရှိနေတော့မှာပါချစ်တာကို လက်ခံလို့ရပါတယ်

ဒါပေမယ့် လက်မထပ်ရသေးခင်အထိ နှစ်ယောက်တွဲပုံကို FB လိုကျယ်ပြန့်လှတဲ့လူမှုကွန်ယက်မှာမတင်စေလို့ပါ ညီမငယ်

လက်ထပ်ပြီးသွားရင် တင်ပါ ပြုံးပျော်နေတဲ့ဘဝလေးတွေကို အားကျအတုယူရင်း Like တွေ Ment တွေအားပါးတရ ထိုင်ပေးနေပါ့မယ်

တစ်ကယ်တော့ Fb မှာ နှစ်ယောက်တွဲတင်ရမှာအချစ်စစ်ဖြစ်လာတာ မဟုတ်ပါဘူး အဲဒါတွေအဘိုးအဘွားတွေလက်ထက်မှာဘာမှမရှ်ိခဲ့လို့ ညီမတို့ လူဖြစ်လာတာပါ

စဉ်းစားတွေးခေါ်တတ်မှ ဘဝကအဓိပ္ပာယ်ရှိသလိုထိန်းသိမ်းသင့်တာက်ုိ ထိန်းသိမ်းမှအဲဒီဘဝကပိုတန်ဖိုးရှိတယ်

ချစ်သူက FB မှာ နှစ်ယောက်တွဲတင်ရမှ ချစ်မယ်ဆိုရင်ရဲရဲကြီးသာ လမ်းခွဲလိုက်ပါသူ့အချစ်က နဲနဲရူးမိုက်နေလို့ပဲ

အချစ်စစ်က နှလုံးသားမှာပဲရှိပါတယ်သစ္စာတရားက အသိဉာဏ်မှာ ခို ဝင်ပါတယ်fb မှာ ရှိနေတာ မဟုတ်ပါဘူး ညီမငယ်

လူဆိုတာလွတ်လပ်စွာ ကွဲလွဲခွင့်ရှိကြပါတယ်

ဒါပေမယ့် ကိုယ့်ဘဝအတွက် ဘယ်ဟာကအဓိကကျလဲဆိုတာ စဉ်းစားတွေးခေါ်တတ်ပါစေ ညီမငယ်

FB သုံးနေတဲ့ ညီမငယ်လေးများ အမှန်တရားကိုထွေးပိုက်ရင်း အနာဂါတ်မှာ အပြစ်ကင်းစွာနဲ့ ကမ္ဘာကိုကိုင်လှုပ်မယ့် ပုခတ်လွွှဲသော မိခင်လောင်းများဖြစ်ကြပါစေ

===============

မှတ်ချက်/ညီမငယ်လို့ဆိုသော်လည်း အမတို့လည်းသတိရှိကြပါစေ..

===============မနမ်းထိုက်တဲ့ပန်းတစ်ပွင့်

မူရင်​း # Credit